A d v e r t i s e m e n t With Us

အဲဗာတန်က အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်က အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ အဲဗာတန်နည်းပြ မာကို ဆေးလ်ဗားကတော့ သူ့အသင်းကစားပုံ တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ အဲဗာတန်အတွက် အနိုင်ဂိုးကို ပွဲအစ ၁၀ မိနစ်လောက်မှာ ဂျာဂျယ်ကာက သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ အဲဗာတန်က ၆ ကြိမ်အထိ ရခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ အဲဗာတန်က ၄၆ မှတ်နဲ့ အဆင့် ၉ ကို တက်လှမ်းသွားပြီး အာဆင်နယ်က ၆၃ မှတ်နဲ့ အဆင့် ၄ မှာပဲ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up