DVB Logo
Home
သတင်းတို
ဩစေၾတးလ် ရေနံကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရ
DVB
·
October 22, 2012
ဩစတြေးလျ ရေနံကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရ
Donate to DVB

ဩစတြေးလျနိုင်ငံက ထိပ်တန်းရေနံကုမ္ပဏီကြီးတခုဖြစ်တဲ့  Woodside  ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်လုပ်ကိုင်ခွင့် ရရှိသွားပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ရခိုင်ကမ်းလွန်က တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီ လုပ်ကွက်ထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို လုပ်ကိုင်ခွင့်ပေးဖို့ အောက်တိုဘာ ၁၉ ရက်နေ့က ဒေ၀ူးကုမ္ပဏီနဲ့ သဘောတူညီမှု ရခဲ့တာလို့ Woodside ကုမ္ပဏီက ပြောပါတယ်။

ဒေ၀ူးနဲ့ Woodside ကုမ္ပဏီတို့ဟာ လာမယ့် ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ရခိုင်လုပ်ကွက်မှာ မြေတိုင်းစမ်းသပ်မှုတွေ စတင်လုပ်ကိုင်ဖို့ရှိပြီး အဲဒီနောက်ပိုင်းမှ  ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွင်းတွေ တူးဖို့ အစီအစဉ်ရှိပါတယ်။
မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျှော့ပေးအပြီးမှာ Royal Dutch Shell ၊ BP and BG Group စတဲ့ ကမ္ဘာကျော် ရေနံကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်ဖို့ တာဆူနေချိန်မှာ ခုလို ဩစတြေးလျ ရေနံကုမ္ပဏီက ကနဦးခြေလှမ်း စတင်လိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013