Home
မြန်မာသတင်း
သနပ်ခါးသင်္ကြန်မိတ်ဆက်ပွဲ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်
DVB
·
April 6, 2019
သနပ်ခါးသင်္ကြန်မိတ်ဆက်ပွဲကို ဧပြီ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းတဲ့ ဓလေ့ထုံးတမ်းကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မြန်မာရိုးရာအတာသင်္ကြန်ရဲ့ အနှစ်သာရ ပိုမိုပေါလွင်စေဖို့အတွက် အခုလို ကျင်းပရတာလို့ ပွဲစီစဉ်သူကပြောပါတယ်။ အခုလို သနပ်ခါးသင်္ကြန်ကို ရန်ကုန်မြို့မှာတင်မကပဲ နယ်မြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အရင်ရှေးရိုးသင်္ကြန်လေးပျောက်ကွယ်မသွားဖို့ လမ်းလျောက်သင်္ကြန်တွေလည်း ပြန်လည်ကျင်းပလာကြပါတယ်။ သနပ်ခါးအကြိုသင်္ကြန်က ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး သင်္ကြန်တွင်း အလုပ်မအားသူတွေအတွက် ကြိုတင်ပြီး ဧပြီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြည်သူ့ရင်ပြင်က Sansaung food မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတတယ်။ ဒ့ါအပြင် ထူးထူးခြားခြားနဲ့ ဒူးရင်းသီးမုန့်လုံးရေပေါ ကျွေးမွေးသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ဆင်နွှဲနိုင်တယ်လို့ ပွဲစီစဉ်သူကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024