DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ သီချင်းအသုံးပြုဖျော်ဖြေခြင်း မူပိုင်ကြေးသတ်မှတ်ချက် ထုတ်ပြန်
DVB
·
April 6, 2019
သင်္ကြန်ကာလ သီချင်းအသုံးပြုဖျော်ဖြေခြင်း မူပိုင်ကြေးသတ်မှတ်ချက် ထုတ်ပြန်
Donate to DVB

သင်္ကြန်ကာလ သီချင်းအသုံးပြုဖျော်ဖြေတာတွေအတွက် မူပိုင်ကြေးသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်းက ထုတ်ပြန်လိုက်ပါတယ်။

စင်တင်ဖျော်ဖြေတာ၊ တီဗွီလိုင်းတွေက ထုတ်လွှင့်တာ၊ အွန်လိုင်းက ထုတ်လွှင့်တာတွေအတွက် ကြိမ်နှုန်း ဒါမှမဟုတ် ရက်ချုပ်စနစ်နဲ့ ရွေးချယ်ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

အသင်း ဒု ဥက္ကဋ္ဌဖြစ်သူ တေးရေးဆရာ ဦးမြင့်မိုးအောင်က “မနှစ်ကဆိုရင် ဒါထက် ပိုများတယ်လို့ ပြောရမယ်။ အခုက ပိုပြီး အဆင်ပြေအောင်လို့ ကြိမ်နှုန်းနဲ့ ဖြစ်ဖြစ်၊ သင်္ကြန်ကာလတခုလုံးအတွက် ဖြစ်ဖြစ် ရွေးချယ်လို့ရအောင် လုပ်ပေးထားတယ်။ တချို့ အဆိုတော်တွေက သီချင်းနည်းနည်းကိုပဲ မဏ္ဍပ်တွေအများကြီးမှာ ဆိုတာမျိုးရှိတယ်။ တချို့ တီဗွီလိုင်းတွေက သီချင်းအများကြီး လွှင့်တာဆိုတော့ တပုဒ်စီကို အကြိမ်ရေ နည်းနည်းပဲ လွှင့်တာမျိုးရှိတယ်။ ဒါမျိုးတွေအတွက် အဆင်ပြေအောင် လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

သတ်မှတ်ကြေးတွေအနေနဲ့ စင်တင်ဖျော်ဖြေတာအတွက် သီချင်းတပုဒ် တကြိမ်စာကို ကျပ် ၁ သိန်း၊ သင်္ကြန်ကာလတခုလုံးအတွက်ဆိုရင် ၂ သိန်း၊ ရုပ်သံထုတ်လွှင့်တာနဲ့ အွန်လိုင်းကနေ ထုတ်လွှင့်တာအတွက် သီချင်းတပုဒ် တကြိမ်စာကို ကျပ် ၁ သိန်း၊ သင်္ကြန်ကာလတခုလုံး အတွက်ဆိုရင် ၂ သိန်း၊ ဆက်စပ်လိုင်းတွေနဲ့ ဆက်စပ်ပေ့ဂ်ျတွေမှာလည်း လွှင့်မယ်ဆိုရင် သီချင်းတပုဒ် တကြိမ်စာကို ကျပ် ၅ သောင်း၊ သင်္ကြန်ကာလတခုလုံးအတွက်ဆိုရင် ၁ သိန်း သတ်မှတ်ထားပါတယ်။

ဦးမြင့်မိုးအောင်က “ဒီမူပိုင်ကြေးက အဆိုတော်တွေက ပေးရတာ မဟုတ်ပါဘူး။ မဏ္ဍပ်စီစဉ်သူတွေ ဒါမှမဟုတ် ရုပ်သံလိုင်းတွေက ပေးရတာ ဖြစ်ပါတယ်။ တချို့က ဒါကို မသိတော့ ဝေဖန်ကြတာလည်း ရှိတယ်။ ပြီးတော့ ဒါက မဏ္ဍပ်ကြီးတွေအတွက် ဖြစ်ပါတယ်။ အပျော်တမ်း မဏ္ဍပ်လေးတွေမှာ ကိုယ့်ဘာသာ ဖွင့်တာ၊ ဆိုတာအတွက် မဟုတ်ပါဘူး” လို့ ပြောပါတယ်။

သီချင်းအသုံးပြုလိုသူတွေအနေနဲ့ အသင်းရုံးကို ဆက်သွယ်ကြဖို့နဲ့ နားမလည်တာ၊ မရှင်းလင်းတာတွေအတွက်လည်း ဆက်သွယ်ကြဖို့ သူက ပြောပါတယ်။

ပြီးတော့ အချိန်ကြာခဲ့ပြီဖြစ်တဲ့ သင်္ကြန်သီချင်းတော်တော်များများဟာလည်း မူပိုင်ခွင့်ကနေ ကင်းလွတ်နေပြီလို့လည်း ဆိုပါတယ်။

ဒီနှစ်မှာ စီးပွားဖြစ် မဏ္ဍပ်ကြီးတွေနည်းသွားလို့ စင်တင်ဖျော်ဖြေပွဲတွေအတွက် လာဆက်သွယ်တာ နည်းပေမယ့် တီဗွီလိုင်းတွေကတော့ ဆက်သွယ်လာနေကြတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ တေးသီချင်းမူပိုင်ရှင်များအသင်းမှာ တေးရေးဆရာ ၆၀ ဝန်းကျင်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013