5G နက်ဝါ့ခ် အသုံးပြုနိုင်သည့် Galaxy S10 စမတ်ဖုန်း ကိုရီးယားတွင် စတင်ရောင်းချ

5G နက်ဝါ့ခ် အသုံးပြုနိုင်တဲ့ Galaxy S10 စမတ်ဖုန်းသစ်ကို ဧပြီ ၅ ရက်က တောင်ကိုရီးယားမှာ စတင်ရောင်းချခဲ့ပါတယ်။ နိုင်ငံအတွင်း 5G နက်ဝါ့ခ် ၀န်ဆောင်မှု စတင်ပြီး နှစ်ရက်အကြာမှာ ဒီလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောင်းချတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား မိုဘိုင်းဖုန်း ကုမ္ပဏီတွေ ဖြစ်ကြတဲ့ SK Telecom၊ KT န့  LG Uplus တို့ဟာ နောက်ဆုံးပေါ် ၀ါယာလက်နည်းပညာကို သူ့ထက်ငါ ဦးအောင် မိတ်ဆက်ဖို့ ကြိုးပမ်းရင်း ဧပြီ ၃ ရက်က 5G အင်တာနက် ၀န်ဆောင်မှုကို စတင်ခဲ့ပါတယ်။ တောင်ကိုရီးယားက သူဟာ  5G နက်ဝါ့ခ်ကို ပထမဆုံး မိတ်ဆက်တဲ့ နိုင်ငံလို့ ပြောကြားပေမယ့် အမေရိကန်ကုမ္ပဏီတွေကတော့ သူတို့ဟာ မနှစ်ကတည်းက နေရာ အကန့်အသတ်နဲ့ 5G ၀န်ဆောင်မှု ပေးခဲ့တယ်လို့ ငြင်းခုံပါတယ်။ U.S. telco AT&T Inc က သူတို့ဟာ ၂၀၁၈ ဒီဇင်ဘာမှာ လုပ်ငန်းသုံး 5G နက်ဝါ့ခ်ကို ပထမဆုံး မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ ၀န်ဆောင်မှုဟာ  mobile hotspot ကိရိယာတွေမှာသာ အသုံးပြုနိုင်ပြီး ဖုန်းတွေမှာ အသုံးမပြုနိုင်သေးဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။

//
More News
Up