Home
မြန်မာသတင်း
ကချင်အနုပညာရှင်များ၏ ပထမအကြိမ် ပန်းချီပြပွဲပြုလုပ်
DVB
·
April 6, 2019
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း ရှိမဂျွယ်ခန်းမဆောင်မှာ ကချင်အနုအပညာရှင်တွေရဲ့ ပထမအကြိမ် ပန်းချီပြပွဲကို ဧပြီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပန်းချီပြပွဲမှာ ကချင်ပြည်နယ်ရှိ ပန်းချီ အနုပညာရှင် ၁၀ ယောက်ရဲ့ ပန်းချီကား ပေါင်း အကြီးအသေး ၁၃၀ ကို ပြသထားပါတယ်။ ပန်းချီပြပွဲမှာ ဒေသအလှအပတွေ၊ ကချင်ရိုးရာ အ၀တ်အစားတွေ၊ ထုံးတမ်းစဉ်လာနဲ့ ဆိုင်တဲ့ ပန်းချီကားတွေကို ပြသထားပြီး ပြည်နယ် နေရာဒေသကို ပိုမိုချစ်ခင်လာစေဖို့၊ ရိုးရာယဉ်ကျေးမှုကို ပိုမိုခင်တွယ်လာစေဖို့နဲ့ ရေးဆွဲထာတဲ့ ပန်းချီအနုပညာကို အများပြည်သူလူထု ကြည့်ရှုနိင်ဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ကချင်အနုပညာရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌက ပြောပါတယ်။ ပန်းချီပြပွဲမှာ ပန်းချီအနုပညာရှင်တွေ စုပေါင်းပြီး ၄ ရက်အတွင်း ရေးဆွဲထားတဲ့ မလိခေါ်န်စင် ဆိုတဲ့ ပန်းချီကားကြီးကို လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ ပန်းချီပြပွဲမှာ ရပ်နီးရပ်ဝေး ပြည်သူတွေအပြင် လူငယ်အများစုက စိတ်တစားလာရောက်ကြည့်ရှုခဲ့ကြပြီး ကချင်အနုပညာရှင်များ အသင်းချုပ်အနေနဲ့ နောက်နောင်လည်း ပန်းချီပြပွဲတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024