A d v e r t i s e m e n t With Us

လီဗာပူး ၃-၁ ဆောက်သမ်တန်၊ သွင်းဂိုး ၅၀ ပြည့်ဆာလက် စံချိန်သစ်တင် (ရုပ်သံ)

မနေ့ညက ​ဆောက်​သမ်​တန်​အသင်းနဲ့ပွဲစဉ်​မှာ အ​ရေးပါတဲ့ သွင်းဂိုးတ​ဂိုးကို သွင်းယူ​ပေးခဲ့တဲ့ တိုက်​စစ်​မှူး ဆာလက်ဟာ လီဗာပူးအသင်းအတွက်​ သွင်းဂိုး ၅၀ ပြည့်​မြောက်​ခဲ့ပါတယ်​။ ၆၉ ပွဲသာ ကစား​ပေးထားရတဲ့အချိန်​မှာတင်​ အခုလိုသွင်းဂိုး​တွေရရှိခဲ့လို့ သွင်းဂိုး ၅၀ အမြန်​ဆုံး ပြည့်ခဲ့တဲ့ လီဗာပူးကစားသမားဖြစ်​လာပါတယ်​။ ဒီစံချိန်​ဟာ ၈၆ ပွဲနဲ့ သွင်းဂိုး ၅၀ ရရှိခဲ့​တဲ့ ​တောရက်​စ်​၊ ၈၈ ပွဲနဲ့ သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ ဂန္ထဝင်​ ​ရော်​ဘီ​ဖောင်​လာတို့ကို ​ကျော်​ဖြတ်​နိုင်​ခဲ့တာပါ။ ဆာလက်ဟာ ပြီးခဲ့တဲ့ပြိုင်​ပွဲစုံ ၈ ပွဲဆက်​ ဂိုး​ပေါက်​​ပျောက်​ဆုံး​နေမှုကို အဆုံးသတ်​နိုင်​ခဲ့သလို ဆယ်​စုနှစ်​ဝက်​အကြာ လီဗာပူးကစားသမား​တွေ မရရှိခဲ့တဲ့စံချိန်​ကို ပြန်​လည်​ရယူနိုင်​ခဲ့တာလည်းဖြစ်​ပါတယ်​။ ​လီဗာပူးအသင်းဟာ ​ဆောက်​သမ်​တန်​အသင်းကို အ​ဝေးကွင်းမှာ သွား​ရောက်​ကစားခဲ့ရလို့ ပထမပိုင်းမှာ ခက်​ခဲခဲ့​ပေမယ့် ဒုတိယပိုင်း သွင်းဂိုး​တွေ​ကြောင့် ၃ ဂိုး ၁ ရလဒ်​နဲ့ အနိုင်​ရရှိခဲ့တာပါ။ ဒီရလဒ်​​ကြောင့် တပွဲပိုကစားပြီး မန်​စီးတီးအသင်းထက်​ ၂ မှတ်​အသာနဲ့ ​အမှတ်​​ပေးဇယားထိပ်​ဆုံးကို တက်​လှမ်းနိုင်​ခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up