Home
မြန်မာသတင်း
မြင်းခြံ လူငယ်​​များ စု​ပေါင်းအမှိုက်​​ကောက်
DVB
·
April 5, 2019
မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ရှိ we are family လူငယ်​အဖွဲ့ဟာ ဧပြီလ ၄ ရက်​ မနက်​ပိုင်းက မြင်းခြံမြို့ပေါ်ရှိ စွန့်​ပစ်​အမှိုက်​တွေကို တတိယအကြိမ်​​မြောက်​ လိုက်​လံ​ကောက်​ယူ သိမ်းဆည်း​နေပါတယ်​။ အဖွဲ့​ခေါင်း​ဆောင်​ဖြစ်​တဲ့ ကိုအာကာဟိန်းက “ကျ​နော်​တို့ ခုလို အမှိုက်​လိုက်​​ကောက်​ရတဲ့ ရည်​ရွယ်​ချက်​က အဓိက ကိုယ်​​နေတဲ့မြို့ကို သန့်​ရှင်း​စေချင်​တာပါ။ ပြီး​တော့ တဦးခြင်းဆီမှာလည်း အမှိုက်​မ​ကောက်​ရင်​​နေပါ၊ စည်းကမ်းမဲ့ အမှိုက်​မပစ်​​စေချင်​ဘူး။ ​နောက်​ပြီး ဆိုင်​ကယ်​စီးရင်း၊ ကားစီးရင်း ကွမ်း​သွေး​ထွေးတာ​တွေ၊ အ​အေးဘူးခွံ​တွေနဲ့ ပလတ်​စတစ်​အိပ်​ခွံ​တွေကို စည်းကမ်းမဲ့စွာ လွှင့်ပစ်​တာ​တွေ မလုပ်​ဖို့က အ​ရေးကြီးပါတယ်​။ အားလုံးပူး​ပေါင်းပါဝင်​ပြင်​ဆင်​ဖို့ လိုအပ်​ပါတယ်​။ မြင်းခြံမြို့အ​နေနဲ့ လိုအပ်​ချက်​​တွေက အများကြီးရှိပါ​သေးတယ်​။ အမှိုက်​ကို စနစ်​တကျ စွန့်​ပစ်​ဖို့အတွက်​ အမှိုက်​ပုံး​တွေ လိုအပ်​ပါတယ်​၊ ပြည်​သူ​တွေကိုလည်း စည်းကမ်းရှိရှိနဲ့ အမှိုက်​ကို စနစ်​တကျ စွန့်​ပစ်​တက်​ဖို့ကိုလည်း ပညာ​ပေးအစီအစဉ်​​တွေ လုပ်​​ပေးဖို့ လိုအပ်​ပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ We are family လူငယ်​အဖွဲ့ဟာ ၁၁ ဦးနဲ့ စတင်​ဖွဲ့စည်းထားတာဖြစ်​ပြီး၊ မြင်းခြံမြို့ပေါ်ရှိ စွန့်​ပစ်​ထားတဲ့ ပလတ်စတစ်​အိတ်ခွံတွေ အမှိုက်​တွေကို တပတ်​တခါ ​ကောက်​ယူသွားမှာလို့ ဆိုပါတယ်​။ We are family မှ မ​မေမိုးသွယ်​က “အဓိက ကျမတို့နဲ့အတူ လူငယ်​​တွေပူး​ပေါင်းပါဝင်​​ပေးဖို့ ဖိတ်​​ခေါ်ပါတယ်​။ ဒီမြင်းခြံမြို့ပေါ်မှာ ပလတ်စတစ်​အိတ်​​တွေ ​နေရာတိုင်းမှာ​တွေ့​နေရတယ်​။ ပြီး​တော့ ပြည်​သူ​တွေက အမှိုက်​​တွေကို စည်းကမ်းနဲ့ စွန့်​ပစ်​​စေချင်​တယ်​၊ ​နောက်​ပြီး ပလတ်စတစ်​အိတ်​​တွေကို ​လျော့သုံးဖို့ ​တောင်းဆိုချင်​ပါတယ်​။ ဒီ ပလတ်စတစ်​အိတ်​ခွံ​တွေက သဘာဝပတ်​ဝန်းကျင်​ကို ထိခိုက်​​ပျက်​စီးစေတယ်​၊ ဖြစ်​နိုင်​ရင်​​တော့ ပြည်​သူ​တွေ ပလတ်စတစ်​အိတ်​တွေ မသုံးကြဖို့ ​ပြောချင်​ပါတယ်​” လို့ သူမ က ဆိုပါတယ်​။ မြင်းခြံမြို့မှာ ရပ်​ကွက်​ ၂၀ ရပ်​ကွက်​ရှိပြီး အိမ်​​ခြေ အ​ဆောက်​အဦ ၂၀၀၀၀ ရှိတာဖြစ်​ပါတယ်​။ အိမ်​တအိမ်​မှာ တနေ့ကို အမှိုက်​ ၂ ကီလိုဂရမ်​ထွက်​ရှိပြီး၊ တမြို့လုံး တရက်ကို အမှိုက်​တန်​ ၄၀ ထွက်​ရှိတယ်​လို့ မြင်းခြံစည်​ပင်​မှ သိရပါတယ်​။ မြင်းခြံစည်​ပင်​သာယာမှာ​ အမှိုက်​သိမ်းယာဉ်​ ၁၀ စီးသာ ရှိနေတာ​ကြောင့် လုံ​လောက်​မှုမရှိဘူးလို့ သိရပြီး ​နေ့စဉ်​ ထွက်​ရှိတဲ့ အမှိုက်​တန်​ချိန်​ ၂၀ လောက်သာ သိမ်း​ပေးနိုင်​တယ်​လို့ မြင်းခြံစည်​ပင်​သာယာမှ တာဝန်​ရှိသူတ​ဦးက ​ပြောပါတယ်​။ သတင်း၊ ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024