DVB Logo
Home
မြန်မာသတင်း
ခန့်စည်သူ၊ ရွှေမှုံရတီ၊ ယုသန္တာတင်တို့ ပါဝင်သည့် အချစ်ဟာသရုပ်ရှင်-နှစ်မင်္ဂလာ(နမူနာ)
DVB
·
April 5, 2019
ခန့်စည်သူ၊ ရွှေမှုံရတီ၊ ယုသန္တာတင်တို့ ပါဝင်သည့် အချစ်ဟာသရုပ်ရှင်-နှစ်မင်္ဂလာ(နမူနာ)
Donate to DVB

နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ရွှေမှုံရတီနဲ့ ယုသန္တာတင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ နှစ်မင်္ဂလာအမည်ရတဲ့ ရုပ်ရှင်ကို ဒီကနေ့ စတင်ပြီး ရုံတင်ပြသနေပါတယ်။
အချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ပါဝါကင်းရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
မင်္ဂလာဆောင်ဖို့ပြင်ဆင်နေရင်းကနေ ထင်မှတ်မထားတဲ့ အန္တရာယ်တစ်ခုကြောင့် တခြားဘုံဘ၀ကိုရောက်ရှိသွားကာ လူ့ဘ၀က သတို့သမီး၊ ၀ိညာဉ်ဘ၀က သတို့ သမီး ၂ ယောက်ကြား ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာကို ဗျာများနေရတဲ့ သတို့သား လူပျို ကြီးတင်မောင်ရဲ့ အလွဲအချော်၊ ကမောက်ကမဖြစ်ရပ်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ဆင်မစတဲ့ ဟာ သသရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013