DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ရဲတပ်ဖွဲ့ ၂ ဦး အစစ်ဆေးခံနေရ
DVB
·
October 19, 2012
လက်ပန်းတောင်းတောင် ရဲတပ်ဖွဲ့ ၂ ဦး အစစ်ဆေးခံနေရ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ပေးဖို့တောင်းဆိုတဲ့ ပြည်သူ့ညီလာခံ ကျင်းပနေစဉ်မှာပဲ  စီမံကိန်း လုံခြုံရေးတာဝန်ကျနေတဲ့ ရဲအရာရှိတချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။

လုံခြုံရေးတာဝန်ကျ ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦးဟာ  မုံရွာမြို့  အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးခံနေရတာပါ။

[caption id="attachment_32126" align="alignleft" width="243" caption="ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းနဲ့ ရဲအုပ်အောင်ကြည်စိန်"][/caption]

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း တာဝန်ရှိသူတွေက  လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအပေါ်  ခြိမ်းခြောက်ခိုင်းစေမှုတွေ ရှိနေတဲ့အကြောင်း စီမံကိန်းလုံခြုံရေး အလှည့်ကျ တာဝန်ချထားခံရတဲ့  စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရဲတပ်ဖွဲ့ဝင် ရဲအုပ် အောင်ကြည်စိန် ပြောပြထားတဲ့ ဗွီဒီယို အင်တာနက်မှာ  ပျံ့နှံ့ခဲ့တဲ့အတွက် စစ်ဆေးခံရတာလို့ ရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ မုံရွာအခြေစိုက် ရှေ့နေတဦးက ပြောပါတယ်။

“ကျနော်မေးကြည့်တယ်။ ဘာလို့လဲဆိုတော့ မီဒီယာနဲ့ ဗျူးတုန်းက ဦးပိုင်မကောင်းကြောင်းတွေ ပါသွားတာကိုး။ သူတို့ အဲမှာ ၄ လလောက်နေရတာ အစာရေစာငတ်ပြတ်တဲ့အကြောင်း၊ ခြေထောက်တွေ ၀ဲစွဲခံရတာတွေလည်း ပါတယ်။ အဲလိုပါတော့ တိုင်းရဲရုံးက သူတို့တပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ပေါ့။ ဒါကြောင့် သူတို့ကို ရဲမှူး ကိုယ်တိုင်စစ်ဆေးနေတယ်။”

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီမိုကရက်တစ်မြန်မာအသံရုပ်မြင်သံကြား ကနေ ပြည်တွင်းက ပြည်သူပြည်သား သတင်းသမားများ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ဗွီဒီယိုမှာ ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ကနေ လက်ပန်းတောင်းတောင် စီမံကိန်းမှာ  အနေအထိုင် ဆင်းရဲရပုံတွေ၊ တရုတ်ကုမ္ပဏီက တရက် ငွေ ၂ ထောင်ပေးပြီးခိုင်းတာကို မလုပ်ချင်ဘဲ ရဲတပ်ဖွဲ့ရဲ့ အလုပ်တွေကိုသာ လုပ်ချင်ကြတယ်လို့ ပြောပြထားတာတွေ ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၂ ဦးဟာ  မုံရွာရဲအချုပ်မှာ   ရဲတပ်ဖွဲ့ဝင်အချင်းချင်း မညှာမတာ ဆက်ဆံခံရတယ်လို့လည်း ရဲအုပ်အောင်ကြည်စိန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရှေ့နေက ပြောပြပါတယ်။

“၁၇ ရက်နေ့က တိုင်းရုံးကိုခေါ်တယ်။ ည ၁၁ လောက်ကျ မုံရွာအမှတ် ၂ ရဲစခန်းက အချုပ်ထဲထည့်တယ်။ သူတို့ပြောပြတာတော့ တပ်ဖွဲ့ဝင် အချင်းချင်း မညှာတာဘူးတဲ့။ ခေါင်းအုံးတွေ၊ ခြင်ထောင်တွေတောင် ချမပေးဘူးတဲ့၊ အရာရှိ ဖြစ်ပြီးတော့ပေါ့။ ရိုက်တာမျိုးတော့ မရှိဘူး။ ဖုန်းတွေ ပိုက်ဆံအနည်းအကျဉ်းတော့ သိမ်းထားတယ်။ အစီအစဉ်မရှိဘဲ ယူနီဖောင်းနဲ့သွားတော့ အ၀တ်အစားလဲမပါတော့ သူများအ၀တ်အစားတွေပဲ လဲခိုင်းပြီး တခါတည်း တန်းထည့်တာ။”

ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦးကို ဗွီဒီယိုရိုက်ကူးစဉ်က ထိုင်ခဲ့တဲ့ မုံရွာ ပုလဲ ကားလမ်းပေါ် ဖောင်းကားရွာအနီးက Gold Star စားသောက်ဆိုင်ပိုင်ရှင်ကိုလည်း အမှတ် ၂ ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013