A d v e r t i s e m e n t With Us

စစ်သွေးကြွများကို တိုက်ခိုက်ရန် လစ်ဗျားအမျိုးသားတပ်အား ရွှေ့ပြောင်းမိန့်ပေး

ဓာတ်ပုံ - The Libya Observer
လစ်ဗျား စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် တပ်မှူး ခါလီဖာ ဟတ်ဖ်တာအပေါ်  သစ္စာခံတဲ့ လစ်ဗျားအမျိုးသား (LNA) တပ်တွေကို နိုင်ငံအနောက်ပိုင်းဆီ ရွှေ့ပြောင်းမိန့် ပေးထားတယ်လို့ အဲဒီတပ်ဖွဲ့ မီဒီယာရုံးက ဧပြီ ၃ ရက်နေ့မှာ ပြောပါတယ်။ လစ်ဗျား အမျိုးသားတပ် (LNA) မီဒီယာက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ သံချပ်ကာယာဉ်နဲ့ လက်နက်ကြီး တပ်ဆင်ထားတဲ့ ပစ်ကပ်ကား ယာဉ်တန်းကို လမ်းမတလျှောက် မြင်တွေ့ရပါတယ်။ နေရာအတိအကျ ဖော်ပြမထားပေမယ့် အဲဒီနေရာဟာ လစ်ဗျားအရှေ့ပိုင်း ဘင်ဂါဇီမြို့နဲ့ အနောက်ပိုင်း ထရီပိုလီမြို့ကို ဆက်သွယ်တဲ့ ကမ်းရိုးတန်းလမ်းမ ဖြစ်ပုံရပါတယ်။ ဒီလို တပ်ဖြန့်တာဟာ နိုင်ငံတကာ အသိမှတ်ပြု ထရီပိုလီအစိုးရကို သတိပေးလိုက်ဖွယ် ရှိပါတယ်။ ထရီပိုလီအစိုးရ ဝန်ကြီးချုပ် ဖာယက် ဆာ ဆီရစ်ဂ်ျဟာ တပ်မှူး ဟက်ဖ်တာနဲ့ မဟာမိတ်ပြုထားတဲ့ အပြိုင်အစိုးရနဲ့ အာဏာခွဲဝေရေးအတွက် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဟက်ဖ်တာအပေါ် သစ္စာခံတဲ့ လစ်ဗျားအမျိုးသားတပ် (LNA) ဟာ နိုင်ငံတောင်ပိုင်းက ရေနံတွင်းတွေကို ထိန်းချုပ်တဲ့ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ စစ်ဘက်တိုက်ပွဲတွေ ရှောင်ရှားဖို့ ကုလသမဂ္ဂက ဒီလအတွင်း နိုင်ငံအနောက်တောင်ပိုင်း ဂန်ဒမ်စ်မြို့မှာ ကွန်ဖရင့်တရပ် ကျင်းပမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up