A d v e r t i s e m e n t With Us

တပ်မတော်စွန့်လွှတ်မြေ ဧက ၉၀၀ ကျော်ကို တိုးချဲ့မြို့ပြစီမံကိန်းဖော်ရန် လွှတ်တော်အတည်ပြု

တပ်မ ၂၂ က နိုင်ငံတော်ကို ပြန်လည်အပ်နှံလိုက်တဲ့ မြေဧက ၉၀၀ ကျော်ကို ကရင်ပြည်နယ်အစိုးရက တိုးချဲ့မြို့ပြစီမံကိန်းဖော်ဆောင်ဖို့ ကရင်ပြည်နယ်လွှတ်တော်က ဧပြီ ၃ ရက်နေ့က တည်ပြုလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီက တပ်မ ၂၂ က ပြန်လည်စွန့်လွှတ်လိုက်တဲ့မြေကို ကရင်ပြည်နယ် အစိုးရက အငြိမ်းစားဝန်ထမ်းတွေ၊ လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့ ဒေသခံတွေ၊ ပြည်နယ် အတွင်း နှစ်စဉ်လူဦးရေ တိုးပွားလာမှုတွေကြောင့် နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်နဲ့ စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “အဲဒီနေရာမှာ မြို့ပြဖြစ်သွားလို့ရှိရင်တော့ ဘားအံမြို့ကြီးက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားမယ် ဆိုရင် ကျနော်တို့ရဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။ မြို့ပြစီမံကိန်းကို တပ်မတော်ကနေ ၉၂၈ ဧကသောမြေကို နိုင်ငံတော်ပိုင်အဖြစ် ကြေညာလို့ မြို့ပြစီမံကိန်း ဖော်ဆောင်တာ” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ စံပနှုံကျေးရွာ၊ ဦးကျင်စိန်က “နေစရာမရှိလို့ ဒီမှာ အရဲစွန့်ပြီးတော့ ၀ယ်ပြီးတော့နေလိုက်တာ။ အခုကတော့ ကျူးကျော်မြေအဖြစ်နဲ့ နိုင်ငံတော်အစိုးရက သိမ်းလိုက် တော့လည်း ပြဿနာတွေ တက်နေတာပေါ့။ အခုလိုကျူးကျော်ကျတော့ အခုပြန်အကွက်ချပေးရင် ကျေနပ်မှုတော့ရှိတယ်” လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလက တပ်မ ၂၂ က နိုင်ငံတော်ပိုင်မြေအဖြစ် မလွှဲပြောင်းမီက ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကို ပြည်နယ်အစိုးရက အင်အားသုံးရှင်းလင်းခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမော်က “မြိုင်ကလေး ဘိလပ်မြေစက်ရုံ တည်ဆောက်စဉ်ကာလမှာ မြေယာတွေပါသွားတဲ့ တောင်သူတွေ တပ်မ ၂၂ က မစွန်လွှတ်ခင်က ကျူးကျော်ထားတဲ့ အဖွဲ့တွေကောကို ကျနော်တို့ ဒီမြေကွက်တွေ ဖော်ထုတ်ပြီးစီးတဲ့အချိန်မှာ ပြန်လည်ခေါ်ယူတွေ့ဆုံပြီးတော့ ပြန်လည်အစားထိုး ပေးအပ်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ စီမံကိန်း မြေဧရိယာ ဧက ၉၀၀ ကျော်ကနေ မြေဧက ၁၀၀ ကို အဆင့်မြင်လုံးချင်းအိမ်ရာ၊ မြေ ဧက၂၀ ပေါ်မှာ တန်းဖိုးသင့် အထပ်မြင့်အိမ်ရာ၊ ပေ ၆၀ ပေ ၈၀ မြေကွက် ၄၀၀ ကျော်၊ ပေ ၄၀ ပေ ၆၀ မြေကွက် ၆ ထောင်နီးပါး၊ စာသင်ကျောင်း၊ အစိုးရရုံးဌာန၊ သာသနာမြေ၊ သုသာန်မြေ၊ ကျေးရွာမြေတွေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ စီမံကိန်းမှာ ပါဝင်တဲ့ တန်ဖိုးသင့် အထပ်မြင့်အဆောက်အဦ အလုံး ၁၀၀ ကို Golden Zenith ကုမ္ပဏီက ဦးဆောင်ပြီး တရုတ်နိုင်ငံကုမ္ပဏီတခု အမေရိကန်ဒေါ်လာ ၂၇ သန်း ရင်းနှီးမြှုပ်နှံပြီး ၂ နှစ်အတွင်း အပြီးတာဝန်ယူ တည်ဆောက်သွားမှာဖြစ်သလို အဆင့်မြင့် အိမ်ရာအတွက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူထားပါတယ်။ ရဲမင်းခေါင်

A d v e r t i s e m e n t With Us

More News
Up