Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
April 4, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထွက်မလာခင်ကတည်းက နာမည်ကြီးနေတဲ့ စူပါဟီးရိုးရုပ်ရှင် Shazam! ဒီကားကိုတော့ ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. က တင်ဆက်လိုက်တာဖြစ်ပြီး ဆွီဒင် ရုပ်ရှင်ဒါရိုက်တာ David F. Sandberg က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ DC ရုပ်ပြဇာတ်လမ်းတွဲတွေထဲက နာမည်ကြီး လူစွမ်း ကောင်းဇာတ်ကောင် Shazam အကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် လူငယ်လေးတယောက်က “Shazam” ဆိုတဲ့ စကားလုံးကို အော်ဟစ် လိုက်ချိန်မှာ အင်အားကြီးတဲ့ လူစွမ်းကောင်းတယောက်အဖြစ် ပြောင်းလဲသွားပုံကို အဓိ က ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ Shazam ဆိုတဲ့ စကားလုံးဟာ စွမ်းအား မြင့်တဲ့၊ အင်အားပါဝါကြီးတဲ့ နတ်ဘုရားတွေဖြစ်ကြတဲ့ Solomon၊ Hercules၊ Atlas၊ Zeus၊ Achilles နဲ့ Mercury တို့ရဲ့ ရှေ့က အက္ခရာတွေကို ယူထားတာဖြစ်ပြီး အဲဒီ စကားလုံးကို အော်ဟစ်လိုက်ချိန်မှာ လူငယ်လေး ဘီလီဘတ်ဆန်ဟာ အရွယ်ရောက် ပြီး လူစွမ်းကောင်းတယောက်အဖြစ် ပုံပြောင်းသွားတာကို ပရိသတ်တွေ စွန့်စားမှု ဇာတ် ၀င်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် ဆယ်ကျော်သက်ကောင်လေး ဘီလီဘတ်ဆန် နဲ့ Shazam နေရာမှာတော့ အမေရိကန် ကလေးသရုပ်ဆောင် Asher Angel နဲ့ သရုပ်ဆောင်မင်းသား Zachary Levi တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား သ ရုပ်ဆောင်တွေဖြစ်ကြတဲ့ ဗြိတိန်မင်းသား Mark Strong၊ အမေရိကန် သရုပ်ဆောင်မင်း သမီး Grace Fulton နဲ့ ကလေးသရုပ်ဆောင် Jack Dylan Grazer တို့ကလည်း ပါဝင် ထားကြတာပါ။ ဒီကားဟာ IMDb မှာတော့ Rating 8.3 အထိ ရရှိထားတာဖြစ်ပြီး Trailer တွေ ဟာလည်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ယူကျုဘ်ပေါ်မှာ ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၉၀ ကြား အကုန် အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သွေးပျက်ထိတ်လန့် စရာကောင်းတဲ့ Horror Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Pet Sematary ! ဒီကားကိုတော့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ၂ ဦးဖြစ်ကြတဲ့ Kevin Kölsch နဲ့ Dennis Widmyer တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ Stephen King ရဲ့ ၀တ္ထု ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတာဖြစ်ပြီး ၁၉၈၉ ခုနှစ်ကလည်း ဒီနာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ခဲ့ဖူး တာမို့ ဒါက ဒုတိယအကြိမ် ထပ်ပြီးထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ စိမ်းစိုညို့မှိုင်းတဲ့ သစ်တောကြီးနဲ့ ကပ်လျက်ရှိနေတဲ့ အိမ်တ အိမ်ကို သားသမီးနှစ်ယောက်ပါတဲ့ မိသားစုတစ်စုပြောင်းရွှေ့ရာကနေ စတင်ထားပါ တယ်။ ပြောင်းရွှေ့လာတဲ့အဲဒီမိသားစုထဲမှာ အချစ်တော်ကြောင်ကလေးတကောင် လည်း ပါလာခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့ အိမ်ရဲ့ နောက်ဘက်မှာတော့ ထူးဆန်းတဲ့ တိရစ္ဆာန်သချိင်္ုင်းတခုရှိနေတာကို မထင်မှတ်ပဲ သိလိုက်ကြရတယ်။ တရက်မှာတော့ အိမ် ရဲ့ အချစ်တော်ကြောင်ကလေးဟာ သေဆုံးသွားခဲ့ချိန်မှာ အဲဒီသချိင်္ုင်းထဲမှာ မြုပ်နှံလိုက် ကြတယ်။ ဒါပေမယ့် နောက်တရက်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ သေရွာပြန်ကြောင်က လေးကို ပြန်တွေ့ကြချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်ပြီး မိသားစုထဲက ၂ နှစ် သားကလေးဟာ ဟိုင်းဝေးလမ်းမပေါ် ဖြတ်ပြေးရင်းနဲ့ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ ချိန်မှာရော ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာတွေကို ခြောက်ခြားစရာ ပုံရိပ်တွေ၊ အသံတွေနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သြစတေးလျ သရုပ်ဆောင်မင်းသား Jason Clarke ၊ အမေ ရိကန် သရုပ်ဆောင်မင်းသမီး Amy Seimetz နဲ့ သရုပ်ဆောင်မင်းသား John Lithgow တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တ ခုဖြစ်တဲ့ South By SouthWest Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေ လည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.2 အထိ ရရှိထားတဲ့ ဇာတ်ကားတ ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရငဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူခွင့်ပြု ချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ခုတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဘော လိဝုဒ်အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Notebook ! ဒီကားကိုတော့ ဘောလိဝုဒ်မင်းသား Salman Khan ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Salman Khan Films က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Nitin Kakkar က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Teacher’s Diary အမည်ရ တဲ့ ထိုင်းရုပ်ရှင်ကားကို ပြန်လည်ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ပြန်အရာရှိဟောင်းတယောက်ဖြစ်တဲ့ Kabir ဟာ ကက်ရှ်မီးယား ဒေသထဲက ဆိုးဝါးတဲ့ အခြေအနေတခုနဲ့ စာသင်ကျောင်းလေးဆီ ကျောင်းဆရာတယောက်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားလေးတွေက သူ့ကို လက်ခံကြိုဆိုကြ ပါ့မလား။ တချိန်တည်းမှာပဲ Kabir ဟာ အဲဒီကျောင်းမှာ သူ့အရင် တာဝန်ကျခဲ့သူတဦးရဲ့ Notebook ကို တွေ့သွားခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ Notebook ရဲ့ ပိုင်ရှင်က ဆရာမလေးတဦးဖြစ်နေတဲ့အခါ သူတို့ ၂ ဦးကြားက အချစ်၊ အလွမ်း၊ ဒရာမာ ဆန်ဆန် ထူးဆန်းတဲ့ ဇာတ်လမ်းကရော ဘယ်လိုအဆုံးသတ်သွားလိမ့်မလဲဆိုတာတွေ ကို လှပတဲ့ ရှုခင်းမြင်ကွင်းတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဘောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ Zaheer Iqbal နဲ့ Pranutan Bahl တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာလည်း ဂီတ၊ အက အလှတွေနဲ့ ရှုစားကြရမှာ ဖြစ်ပြီး သီချင်းပုဒ်ရေ ၆ ပုဒ်ထိ ထည့်သွင်းအသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတ ကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိပြီး ဟင်ဒီစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို တော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူးခား ခြား Music Drama ရုပ်ရှင်ကားတကားဖြစ်တဲ့ Teen Spirit ! ဒီကားကိုတော့ ဗြိတိန်သရုပ်ဆောင်ဒါရိုက်တာ Max Minghella က ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မြို့ငယ်လေးတမြို့မှာ နေထိုင်တဲ့ Violet ဟာ အရှက်အကြောက်ကြီးတဲ့ ဆယ် ကျော်သက်ကောင်မလေးတယောက်ဖြစ်ပြီး စိတ်ရှုပ်စရာကောင်းတဲ့ မိသားစု၊ ၀န်းကျင် ကနေ လွတ်မြောက်နိုင်ဖို့ အိပ်မက်နေသူ တယောက်ပါ။ သူ့ရဲ့ နောက်ထပ်အိပ်မက်က တော့ သီချင်းတွေဆိုဖို့ ဖြစ်ပါတယ်။ တကြိမ်မှာတော့ ဒေသတွင်း သီချင်းဆိုပြိုင်ပွဲတခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး သူ့ရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ခွင့်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ သူရည်မှန်းတဲ့ အိပ်မက်လမ်းကို လျှောက်လှမ်းနိုင်မလားဆို တာတွေကို ဂီတစည်းချက်တွေနဲ့အတူ ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Elle Fannings က ခေါင်း ဆောင်ပါဝင်ထားပြီး သူနဲ့အတူ Rebecca Hall ၊ Zlatko Buric စတဲ့ သရုပ်ဆောင်တွေ လည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ Teen Spirit ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ရုံ တင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နာ မည်ကြီး Twilight မင်းသား Robert Pattinson ခေါင်းဆောင်ပါဝင်တဲ့ ရုပ်ရှင် High Life ! Adventure Drama Horror Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ် ရှင်ကားကိုတော့ ပြင်သစ်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Claire Denis က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Robert Pattinson ကို ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပြီး အာ ကာသတွင်းနက်ကြီးထဲကနေ သမီးငယ်နဲ့အတူ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်း ကန်ကြိုးစားရတဲ့ ဖခင်တဦးအနေနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြင်သစ်အမျိုးသ မီး သရုပ်ဆောင် Juliette Binoche ၊ အမေရိကန်ရက်ပ်ပါ သရုပ်ဆောင် André Benjamin နဲ့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Mia Goth တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖစ်ပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရငဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူခွင့်ပြု ချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၀ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီလ ၅ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024