A d v e r t i s e m e n t With Us

ဝတ်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးဖြင့်ရှုံးပြီး ဖူလ်ဟမ်အသင်း တန်းဆင်း (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝတ်ဖို့ဒ်နဲ့ ဖူလ်ဟမ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဝတ်ဖို့ဒ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး အပြန်အလှန် ကစားခဲ့ကြကာ ဧည့်သည် ဖူလ်ဟမ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ ဝတ်ဖို့ဒ်အတွက် ဒူကူရီက အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ၃၃ မိနစ်မှာ ဘာဘယ်က ဖူလ်ဟမ်အတွက် ချေပဂိုးသွင်းလို့ ပထမပိုင်းမှာ တဂိုးစီ သရေကျနေပါတယ်။ ဒီ့နောက် ဒုတိယပိုင်းမှာ ဝတ်ဖို့ဒ်က တိုက်စစ်ဆင်ကစားပြီး ၆၃ မိနစ်မှာ ဟုခ်ျ၊ ၆၉ မိနစ်မှာ ဒီနေးနဲ့ ၇၅ မိနစ်မှာ ဖန်မန်နီယာတို့က ဂိုးတွေသွင်းပြီး ပွဲအပြီးမှာ ဝတ်ဖို့ဒ် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုပွဲ အနိုင်ရတဲ့ ဝတ်ဖို့ဒ်က ၄၇ မှတ်နဲ့ အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဖူလ်ဟမ်ကတော့ ၁၇ မှတ်နဲ့ အဆင့် ၁၉ မှာ ရှိနေတဲ့အတွက် ရာသီကုန်အထိ ငါးပွဲကစားဖို့ ကျန်သေးပေမယ့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကို တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up