စပါးအသင်း၏ အထက်တွင် ရပ်တည်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း အိုဇေးလ် ပြော

1.3K
မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြောင်း အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ရာသီဆက် စပါးအသင်းက အာဆင်နယ်ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေအတွက် မျက်နှာငယ်စရာ ဖြစ်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ စပါးအသင်းရဲ့ အထက်မှာ နှစ်မှတ်အကွာနဲ့ ရပ်တည်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အိုဇေးလ်က ကျေနပ်နေပါတယ်။
စပါးနဲ့ မိမိတို့အသင်းကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး လက်ရှိခြေစွမ်းအတိုင်းသာ ဆက်ကစားသွားနိုင်မယ်ဆိုရင် ပွဲအားလုံး အနိုင်ရပြီး အဆင့်လေးအတွင်းဝင်မှာ ဖြစ်တယ်လို့လည်း အိုဇေးလ်က ဆိုပါတယ်။
သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ အသင်းကို ကူညီနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပြီး တဦးချင်းထက် အသင်းလိုက်ခြေစွမ်း ကောင်းမွန်တာကြောင့် နိုင်ပွဲတွေရခဲ့တာဖြစ်တယ်လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။