A d v e r t i s e m e n t With Us

နည်းပြ ပိုချက်တီနိုကို ဆက်ထိန်းထားနိုင်ခြင်းက ကွင်းသစ်ကြီးထက် တန်ဖိုးပိုရှိဟု ဂျီးနပ်စ် ပြော

စပါးအသင်းအနေနဲ့ နည်းပြ ပိုချက်တီနိုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းဟာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိတဲ့ ကွင်းသစ်ကြီးထက် ပိုပြီးတန်ဖိုးရှိကြောင်း အသင်းရဲ့ ကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ်က ပြောကြားလိုက်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရက်က ပေါင် ၁ ဘီလီယံ တန်ကြေးရှိတဲ့ ကွင်းသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကွင်းသစ်စီမံကိန်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ဖွင့်လှစ်ဖို့ နောက်ကျခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးတဲ့ နှစ်ပိုင်းကစပြီး စပါးအသင်းဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ၄ သင်းစာရင်း ဝင်လာခဲ့သလို ဥရောပပြိုင်ပွဲတွေမှာလည်း အခြေအနေတခုထိ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ နည်းပြပိုချက်တီနိုရဲ့ ဦးဆောင်မှုကြောင့် ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up