အီကွေဒေါတွင် အင်အား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်

ဓာတ်ပုံ - USGS
အီကွေဒေါနိုင်ငံ ဆန်တာအယ်လင်နာမြို့မြောက်ပိုင်း ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး  အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၂ ရှိ ငလျင်တခု မတ်လ ၃၁ ရက်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (USGS) က ပြောပါတယ်။ နောက်ဆက်တွဲငလျင်တွေလည်း ဆက်လှုပ်ခဲ့တာကြောင့် ဒေသခံတွေ လမ်းမပေါ် ထွက်နေကြရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အဲဒီငလျင်ကြောင့် ထိခိုက်ပျက်စီးတာနဲ့ ဒဏ်ရာရသူ ရှိမရှိ အစီရင်ခံတာတွေ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up