ဂျပန်မြေတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့သည့် အောင်လအန်ဆန်း (ရုပ်သံ)

ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ A New Era ရဲ့ ဝမ်းချန်ပီယံရှစ် အဓိကပွဲစဉ်တွေထဲက တပွဲမှာတော့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်းဟာ ပြိုင်ဘက်ဟောင်း ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ အောင်လအန်ဆန်းအနေနဲ့ ပြိုင်ဘက်ကိုရင်ဆိုင်ရာမှာ လေးစားတဲ့အနေနဲ့ ထိန်းထိုးသွားခဲ့ပြီး ဟက်ဆီဂါဝါကတော့ မြန်မာနိုင်ငံမှာ လာရောက်ထိုးသတ်ခဲ့တဲ့ ပွဲစဉ်လောက်တောင် ခံနိုင်ရည်မရှိခဲ့တာကို တွေ့ရမှာပါ။ အောင်လဟာ ပွဲအပြီးမှာတော့ ဘယ်ဝိုက်လက်သီးကို သေချာလေ့ကျင့်ထားတဲ့အတွက် အနိုင်ရရှိခဲ့တာလို့ ပြောကြားခဲ့ပြီး နောက်တပွဲအဖြစ် လိုက်ဟဲဗီးဝိတ်စိန်ခေါ်ပွဲကိုလည်း လက်ခံခဲ့ပါတယ်။ အောင်လအနိုင်ရရှိချိန်မှာ အထူးဧည့်သည်အဖြစ် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာ ရောက်ရှိလာခဲ့ပြီး အောင်လကို စိန်ခေါ်ခဲ့သလို အောင်လကလည်း ချက်ချင်းပဲ လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် လာမယ့် လပိုင်းမှာတော့ ဝမ်းချန်ပီယံရှစ်ရဲ့ အကောင်းဆုံးပွဲစဉ်တပွဲကိုတော့ မြင်တွေ့ရဖို့ရှိနေပါတယ်။ ရုပ်သံနှင့်ဓာတ်ပုံ - ONE Championship

More News
Up