ပေါ့ဘာကို သဘောကျနှစ်ခြိုက်ဟု ရီးရဲလ်နည်းပြ ပြော

1.2K
မန်ချက်စတာယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာကို အရမ်းသဘောကျတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ပြောပါတယ်။
ပေါ့ဘာဟာ ဘောလုံးကွင်းထဲမှာ ဘယ်လို ကစားရမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် ပြင်သစ် ကွင်းလယ်သမားကို စပိန်ထိပ်သီး ရီးရဲလ်က ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီးရဲလ်နည်းပြ ဇီဒန်းက ပုဂ္ဂိုလ်ရေးအရလည်း ပေါ့ဘာကို သိတယ်လို့ ပြောထားပါတယ်။ ကာယကံရှင် ကိုယ်တိုင်ကလည်း ရီးရဲလ်ဟာ ကစားသမားတိုင်းအတွက် အိမ်မက်အသင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားဖူးပါတယ်။
ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်ပါတယ်။