Home
မြန်မာသတင်း
ချောက်မြို့က ဗလီနှစ်ခုတွင် ပြန်လည်ဝတ်ပြုခွင့်ရရေး ဆန္ဒမဲကောက်ခံ
DVB
·
March 31, 2019
55564205_2326666860910059_5952956506277150720_o
55541925_2326667200910025_6572345598438014976_o
55861116_2326666917576720_107025890617065472_o
မ​ကွေးတိုင်း​ ​ချောက်​မြို့​မှာရှိတဲ့ ဗလီနှစ်​ခုကို ပြန်​လည်​ဝတ်​ပြုခွင့်ရရှိဖို့အတွက် မတ်လ ၃၀ ရက်နေ့ကစတင်ပြီး ဆန္ဒမဲကောက်ခံနေပါတယ်။ ​ချောက်​မြို့​ အမှတ်​ ၉ ရပ်​ကွက်​ထဲက မြို့မဗလီ နဲ့ အမှတ်​ ၁၁ ရပ်​ကွက်ထဲက မင်္ဂလာဂျာ​မေ ဗလီမှာ ​ပြန်​လည်​ဝတ်​ပြုခွင့်ရရှိဖို့အတွက် အဲဒီရပ်​ကွက်​ ၂ ခုအတွင်းမှာရှိတဲ့ အိမ်​​ထောင်​စု တစုကို မဲဆန္ဒတ​ခုပေးခွင့်ရပြီး ဆန္ဒမဲ လိုက်​လံကောက်ခံနေတယ်​လို့ ရပ်​​ကွက်​အုပ်​ချုပ်​​ရေးမှူးတွေက ပြောပါတယ်။ ဆန္ဒမဲ ကောက်ယူတာကို ၂ ရက်တာ ပြုလုပ်သွားမှာဖြစ်ပြီး မဲဖောက်ရေတွက်ချိန်မှာလည်း အများရှေ့မှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ အမှတ် ၉ ရက်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဆိုပါ ရပ်​ကွက်​ ၂ ခုမှာ ဆန္ဒမဲ​ပေးနိုင်​သူ ၇၀၀ ကျော်ရှိပြီး အိမ်​​ထောင်​စု တစုက အိမ်​​ထောင်​ဦးစီး သို့မဟုတ်​ အသက်​ ၁၈ နှစ်​ပြည့်ပြီး သူကိုယ်​စားလှယ်​က မဲဆန္ဒ လျှို့ဝှက်​စနစ်​နဲ့ ​ပေးခွင့်​ရှိတယ်​လိုသိရပါတယ်​။ အဆိုပါ ဗလီနှစ်​ခုဟာ ၂၀၀၆ ခုနှစ်​ က ဘာသာ​ရေး အဓိကရုဏ်းဖြစ်​ပြီး ပျက်​စီးခဲ့လို့ ပိတ်​သိမ်းထားခဲ့တာဖြစ်​ပါတယ်​။ ​ချောက်​မြို့မှာ ရပ်ကွက် ၁၅ ခုရှိပြီး  အဆိုပါ ရပ်ကွက် (၂) ခုကိုသာ မဲဆန္ဒကောက်​ယူ​နေတဲ့အ​ပေါ် ​ဝေဖန်​မှုတွေလည်းရှိ​နေပါတယ်​။ ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024