A d v e r t i s e m e n t With Us

နာမည်ကြီး ဘိုင်ယန်မြူးနစ်နှင့် ဖရိုင်းဘတ်အသင်း ၁ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ဖရိုင်းဘတ်နဲ့ တဂိုးစီ သရေကျသွားပါတယ်။ အိမ်ရှင် ဖရိုင်းဘတ်က ပွဲအစ ၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို ၂၂ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက မြေမကျတမ်း ကန်သွင်းယူပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ဘိုင်ယန်ကစားသမားတွေ ဂိုးသွင်း မသေချာလို့ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာပါ။ ဒီပွဲသရေကျလို့ ဘိုင်ယန်မြူးနစ်ဟာ ၆၁ မှတ်နဲ့ ဒုတိယနေရာ ရှိနေပြီး ဇယားထိပ်က ဒေါ့မွန်ရဲ့နောက် ၂ မှတ် အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up