DVB Logo
Home
မြန်မာသတင်း
ဒေါ်လာအနွမ်းများ လဲပေးရန် ဗဟိုဘဏ် ဒီနေ့ ညွှန်ကြားမည်ဟုဆို
DVB
·
October 17, 2012
ဒေါ်လာအနွမ်းများ လဲပေးရန် ဗဟိုဘဏ် ဒီနေ့ ညွှန်ကြားမည်ဟုဆို
Donate to DVB

မြန်မာနိုင်ငံထဲမှာသုံးစွဲနေတဲ့  အမေရိကန် ဒေါ်လာအနွမ်းတွေကို လဲပေးဖို့ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေကို ဒီနေ့ ညွှန်ကြားချက် ထုတ်ဖို့ လုပ်နေတယ်လို့  ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်လာအဟောင်းတွေလဲပေးဖို့ အပါအ၀င်  ဒေါ်လာနဲ့ ပတ်သက်ပြီး  အချက် ၅ ချက်ပါ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အကြောင်း ဘဏ္ဍာအခွန် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

“ဟောင်းပေမယ့်လည်း အစစ်အမှန်လို့ အလွယ်တကူ ခွဲခြားနိုင်တဲ့ ငွေစက္ကူမျိုး။ money changer က တချို့ အစည်းတွေဘာတွေ နှိပ်ထားတာရှိတယ်လေ။ စည်းတံဆိပ်တွေပါရင် လဲလို့မရတာရှိတယ်၊ အဲလိုမျိုးတွေ။ နောက် မင်ရာ၊ လက်မှတ်ရာ အပေါ်မှာ ရေးထားတာမျိုးတွေ။ ငွေစက္ကူပေါ်မှာ အစက်တွေပါတာမျိုး၊ နောက် ခေါက်ရိုးကျိုးပြီး ကိုင်တာများပြီး ပွန်းပဲ့နေတာမျိုးတွေပေါ့။ အစစ်အမှန် အလွယ်တကူ ခွဲခြားနိုင်တဲ့ စက္ကူမျိုးပေါ့။ သိပ်နွမ်းပြီး အစစ်လား၊ အတုလား ခွဲရခက်တာမျိုးကျတော့လည်း လက်ခံဖို့ အခက်အခဲရှိမှာပေါ့။ ဒေါင့်လေးမှာ နည်းနည်းပြဲနေတာ စုတ်နေတာ ဒါမျိုးကို စက္ကူမျိုး အဲဒါမျိုး ၅ မျိုးလက်ခံဖို့ ပုဂ္ဂလိက ဘဏ်တွေကို ညွှန်ကြားဖို့လုပ်နေပါတယ်။”

အခုညွှန်ကြားချက်ဟာ ဒေါ်လာအနွမ်းကို လဲပေးဖို့ ညွှန်ကြားချက်သာ ဖြစ်ပြီး၊ ရောင်းဖို့ ၀ယ်ဖို့ ပြောတာ မဟုတ်ဘူးလို့လည်း ဘဏ္ဍာအခွန် တာဝန်ရှိသူက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ ဒေါ်လာအနွမ်းကို ပုဂ္ဂလိကဘဏ်တွေက လက်မခံတဲ့ ပြဿနာတရပ်ဖြစ်နေတာ အချိန် အတော်ကြာခဲ့ပါပြီ။ ဒီပြဿနာဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေးပိတ်ဆို့ထားမှုကြောင့် အဓိက  ဖြစ်ပေါ်နေတာလို့ ဗဟိုဘဏ်တာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့  သောကြာနေ့မှာ အမေရိကန်က မြန်မာအပေါ် ဘဏ္ဍာရေးပိတ်ဆို့ထားတာကို ဖြေလျော့ပေး ခဲ့ပြီးနောက် အခုလို မြန်မာနိုင်ငံဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက် ရရှိတာနဲ့  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်ရဲ့ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေစက္ကူလက်ခံမှုကို အသစ်အတိုင်းဖြစ်စရာမလိုဘဲ စက်ဖြင့် အတုအစစ်ခွဲခြားရုံနဲ့  လက်ခံပေးနိုင်တော့မည်ဖြစ်ကြောင်း ကြိုတင်၍ သတင်းကောင်း ပါးအပ်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဒေါ်လာအနွမ်းများ လဲပေးရန် ဗဟိုဘဏ် ဒီနေ့ ညွှန်ကြားမည်ဟုဆို