A d v e r t i s e m e n t With Us

ဟွမ်ဂွယ်ဒိုကို အစိုးရတာဝန် ထမ်းဆောင်ခြင်းမှ ၁၅ နှစ် တားမြစ်မည်ဟု ငွေစာရင်းစစ် ပြော

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို အစိုးရတာဝန် ထမ်းဆောင်တာကနေ ၁၅ နှစ် တားမြစ်မယ်လို့ နိုင်ငံတော်ငွေစာရင်းစစ် အဲလ်ဗစ် အမ်မိုရိုဆိုက မတ်လ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အမ်မိုရိုဆိုက ဟွမ်ဂွယ်ဒိုရဲ့ ပုဂ္ဂိုလ်ရေး ငွေကြေးဖွင့်ဟချက်တွေနဲ့ အသုံးစရိတ်တွေမှာ မကိုက်ညီတာတွေ ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမ်မိုရိုဆိုဟာ အဲဒီ ငွေကြေးဖွင့်ဟချက်တွေနဲ့ ခွင့်မပြုတဲ့ အဖွဲ့အစည်းတွေကနေ ရန်ပုံငွေရရှိတဲ့အပေါ် ဟွမ်ဂွယ်ဒိုရဲ့ ငွေစာရင်းကို စစ်ဆေးခဲ့ပါတယ်။ ဟွမ်ဂွယ်ဒိုဟာ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်း သွားခဲ့တဲ့ နိုင်ငံခြားခရီးစဉ် ရန်ပုံငွေ ဘယ်ကလာသလဲ ဆိုတာကို ရှင်းပြခြင်း မရှိဘူးလို့ ငွေစာရင်းစစ် အမ်မိုရိုဆိုက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောခဲ့ပါတယ်။ အဲဒါကြောင့် စာရင်းစစ်ရုံးဟာ ဟွယ်ဂွယ်ဒိုကို စည်းမျဉ်းချိုးဖောက်တဲ့ အစိုးရဝန်ထမ်းတွေအတွက် အများဆုံး အရေးယူမှုအဖြစ် တာဝန်ထမ်းဆောင်တာကနေ ၁၅ နှစ် တားမြစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောကြားပါတယ်။ အဲဒီလို ပြောတာနဲ့ ပတ်သက်ပြီး ဟွမ်ဂွယ်ဒိုက အမ်မိုရိုဆိုရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဟွမ်ဂွယ်ဒိုက စာရင်းစစ်ကို ခန့်အပ်နိုင်တဲ့ တခုတည်းသော အဖွဲ့အစည်းဟာ လွှတ်တော်ပဲ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up