A d v e r t i s e m e n t With Us

ပြည်ထောင်စုဖောင့်ကို ဧပြီ ၁ ရက်ကစပြီး အစိုးရဌာနများတွင် သုံးစွဲမည်

ပြည်ထောင်စုဖောင့်ကို ဧပြီ ၁ ရက်နေ့ကစပြီး ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အစည်းတွေမှာ စတင်သုံးစွဲမယ်လို့ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနက ကြေညာထားပါတယ်။ ပြည်ထောင်စုဖောင့်ဟာ ကမ္ဘာ့စံနှုန်းဖြစ်တဲ့ iso10646 နဲ့အညီ ပြုစုထားတဲ့ဖောင့်ဖြစ်ပြီး မြန်မာစာကို တခြားဘာသာတွေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို တိုင်းရင်းသားလူမျိုးပေါင်းစုံ အသုံးပြုနိုင်မယ်လို့လည်း နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနက ဆိုပါတယ်။ ပြည်ထောင်စုဖောင့်ဟာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ရေးဆွဲခဲ့တဲ့ ဖောင့်ဖြစ်ပြီး အစိုးရရုံးစာတွေမှာ တိုင်းရင်းသားစာတွေ အလွယ်တကူ ရေးသားနိုင်ပြီး မြန်မာနိုင်ငံရဲ့ တခုတည်းသော မြန်မာစာစနစ်တခုဖြစ်ဖို့ ရည်ရွယ်တယ်လို့ ပြည်ထောင်စုဖောင့် စံသတ်မှတ်ရေး ဆပ်ကော်မတီက ပြောပါတယ်။ ပြည်ထောင်စုဖောင့်ဟာ e-government စနစ်လို အင်တာနက်အခြေခံ အစိုးရအချင်းချင်း ဆက်သွယ်ရေးအတွက် အခြေခံတဲ့ ဖောင့်တခုဖြစ်ပြီး မိုက်ခရိုဆော့ဖ်၊ အက်ပဲလ်၊ ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ် နည်းပညာကုမ္ပဏီတွေရဲ့ ဆော့ဖ်ဝဲတွေမှာ တိုက်ရိုက်ထောက်ပံ့မှုရမယ်လို့ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up