A d v e r t i s e m e n t With Us

နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ISY ဖွင့်လှစ်မည်

နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ISY ကျောင်းကို စက်တင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့ မတ်လ ၂၈ ရက် Park Royal ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။ ISY ရဲ့ ဒါရိုက်တာ ဒေါက်တာ ဂရီဂိုရီ ဟက်ဂါက “ကျနော်တို့လာမယ့် စက်တင်ဘာလပိုင်းမှာ ဒီမှာဖွင့်လှစ်မှာပေါ့။ ဒီကျောင်းက ဒုတိယမြောက် ကျောင်းဖြစ်ပါတယ်။ ပထမကတော့ ရန်ကုန်မှာ ဖွင့်လှစ်ထားတာပေါ့။ ဒီမှာဖွင့်ရတဲ့ အကြောင်းအရင်းတခုကတော့ ပညာသင်ကြားလေ့လာမှုအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့် ပေးစွမ်းသွားချင်တဲ့ သန္နိဌာန် ကြောင့်ပါ”လို့ ပြောပါတယ်။ နေပြည်တော်ကို သံတမန်ရုံးတွေရောက်ရှိလာပြီး စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုဝင်ရောက်လာစေဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာလို့လည်း ပြောပါတယ်။ ISY နေပြည်တော်မှာ Grad 8 အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ စာသင်နှစ် အတွက် ကျောင်းသား ၂၄ ဦး  လက်ခံသွားမယ်လို့ သိရပါတယ်။ အဲ့ဒီကျောင်းဟာဆိုရင် Western Association of school and colleges (WASC) ရဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့သင်တန်းကျောင်းဖြစ်ပြီး East Asian Regional Council of School (EARCOS) ရဲ့ အဖွဲ့ ၀င်လည်း ဖြစ်ပါတယ်။ ကျောင်းကိုတော့ ရာဇသင်္ဂဟလမ်းနဲ့ သဇင်လမ်းမထောင့်က Junction ဟိုတယ်ဝင်းကို ကျောင်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ၏နေပြည်တော်မှာတော့ ကုလသမဂ္ဂရုံးပေါင်း ၁၇ ရုံးထဲကနေ ၁၂ ရုံးတည်ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုင်ရာ ပံ့ပိုးရေးနိုင်ငံတကာအဖွဲ့အစည်း (IDEA)၊ Westminster Foundation for Democracy (WFD)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ရုံးစိုက်လည်ပတ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up