မန်ယူအသင်းက အင်္ဂလန် လူငယ်ကစားသမား ၃ ဦး ခေါ်ယူရန် စီစဉ်နေ

ဓာတ်ပုံ - Getty Images
1.5K
မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန် လူငယ်ကြယ်ပွင့် ကစားသမား သုံးဦးအတွက် ပေါင်သန်း ၁၇၀ အထိ အသုံးပြုပြီး ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မန်ယူအသင်း ခေါ်ယူလိုနေတဲ့ ကစားသမားသုံးဦးက ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ ဒေါ့မွန်တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုနဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဝမ်ဘစ်ဆာကာတို့ဖြစ်ပြီး အဲဒီကစားသမား သုံးဦးအတွက် ပေါင်သန်း ၁၇၀ အထိ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဗြိတိန်သတင်းစာ The Sun ရဲ့ အဆိုအရ မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တော့မှာဖြစ်ပြီး ဆိုးလ်ရှားဟာ အင်္ဂလန်ကစားသမားတွေနဲ့ အသင်းကို အခြေခံပြီး တည်ဆောက်သွားလိုတယ်လို့ ဆိုပါတယ်။
အဲဒီကစားသမားသုံးဦးထဲမှာ ဂျော်ဒန်ဆန်ချိုနဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ အင်္ဂလန်လက်ရွေးစင် ကစားသမားတွေဖြစ်ပြီး နောက်ခံလူ ဝမ်ဘစ်ဆာကာကတော့ ယူ ၂၁ အသင်း လက်ရွေးစင်တဦး ဖြစ်ပါတယ်။