Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
March 28, 2019
    ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ အ မေရိကန် Crime Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ A Vigilante !     ဒီကားကိုတော့ Saban Films က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုး သမီးရုပ်ရှင်ဒါရိုက်တာ Sarah Daggar-Nickson က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။     ဒီကားထဲမှာတော့ Sadie အမည်ရတဲ့ အမျိုးသမီးဇာတ်ကောင်ဟာ တချိန်က ဆိုးဝါးတဲ့ အိမ်တွင်း အကြမ်းဖက်မှုခံခဲ့ရပြီး သားကောင်ဖြစ်ခဲ့ရသူ တယောက်ပါ။ အဲဒီ နောက်မှာတော့ သူ့ကိုယ်သူ ပြန်တည်ဆောက်ပြီး သူ့လိုပဲ ဆိုးဝါးတဲ့ ခါးသီးစရာ အ ဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရတဲ့ အမျိုးသမီးတွေကို ကူညီပြီး အကြမ်းဖက်တဲ့ ခင်ပွန်း ယောက်ျားတွေကို ဖြိုခွင်းတဲ့ ဇာတ်လမ်းအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။     ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်အမျိုးသမီး Sadie နေရာမှာတော့ အိုင်း ရစ်ခ်ျ-အမေရိကန်သရုပ်ဆောင်မင်းသမီး Olivia Wilde က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Morgan Spector ၊ Kyle Catlett ၊ C.J. Wilson စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြ တာ ဖြစ်ပါတယ်။     ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြု ချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။     IMDb မှာ Rating 6.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest Film Festival မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။     ကြာမြင့်ချိန် ၉၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ကျနော်/ကျမတို့ ငယ်ငယ်က အားလုံးသိကြတဲ့ ကာတွန်းဇာတ်ကောင်ဆင်ကလေးအကြောင်းကို ပုံစံအ သစ်နဲ့ ဖန်တီးထားတဲ့ ရုပ်ရှင် Dumbo !     Hollywood Family Fantasy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို တော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Tim Burton က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။     ဒီရုပ်ရှင်ကားဟာ ၁၉၄၁ ခုနှစ်မှာ Walt Disney က တင်ဆက်ခဲ့တဲ့ ဂန္တဝင်ကာ တွန်းရုပ်ရှင်ကို လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။  မိခင်နဲ့ ဝေးကွာခဲ့ရပြီး ကြီးမားတဲ့ နားရွက်တွေရှိလို့ လှောင်ပြောင်ပျက်ရယ်ပြု ခံ ခဲ့ရတဲ့ ဆက်ကပ်ထဲက ဆင်လေး တကောင်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူး ထားတာဖြစ်ပြီး ပျံသန်းနိုင်တဲ့ ဆင်ကလေး Dumbo ကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Colin Farrell က Dumbo ဆင်ကလေးကို မွေးစားခဲ့တဲ့ ကလေး ၂ ဦးရဲ့ ဖခင်နေရာမှာ ပါဝင်ထားခဲ့ တာဖြစ်ပါတယ်။ မင်းသားကြီး Danny DeVito ကတော့ ဆပ်ကပ်ရုံပိုင်ရှင်နေရာက ပါ ၀င်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Michael Keaton ၊ Eva Green  စတဲ့ သရုပ်ဆောင်တွေအများကြီးက ပါဝင်ထားခဲ့ကြ တာ ဖြစ်ပါတယ်။     IMDb မှာ Rating 7.8 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံ ၂ နိုင်ငံမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေအမေရိကန် ဒေါ်လာ ၇၅ သန်းအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေက က လေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူခွင့်ပြုချက်နဲ့ ကြည့်ရှုသင့်တဲ့ PG အဆင့်သတ်မှတ်ထားပါတယ်။     ရယ်မောပျော်ရွှင်စရာတွေ၊ ၀မ်းနည်းကြေကွဲစရာတွေနဲ့ ဖန်တီးပုံဖော်ထားပြီး ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ Dumbo ရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာဒရာမာရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် နို့ဘီလူး ! အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ ပန်းချီ ရွှေအေးကိုရဲ့ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ နို့ဘီလူးဆိုတာကတော့ မိခင်မှာနို့ဘီလူးအစွဲရှိနေရင် အဲဒီမိခင်က သူ့ရဲ့ ရင်သွေးကို နို့ချိုတိုက်ကျွေးလို့ မရပဲ ကလေးအဖတ်မတင်ဖြစ်တတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှု အယူအစွဲတခု ဖြစ်ပါတယ်။ ဒါကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ လူမင်း၊ ဇေရဲ ထက်၊ ရွှေမှုံရတီတို့နဲ့အတူ အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြတ်မွန်ကပါ အထူးသရုပ် ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြတ်မွန်ဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကကြီးရေ က ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၅၉ ခုနှစ်အ တွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ် ပါတယ်။ အကယ်ဒမီရရှိချိန်မှာ သူ့အသက်က ၁၇ နှစ်သာ ရှိသေးပြီး မြန်မာ့ရုပ်ရှင်သမိုင်းမှာတော့ အသက်အငယ်ဆုံး ဇာတ်ဆောင်ဆုရရှိခဲ့ သရုပ်ဆောင်မင်းသမီးတဦး ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သူကိုယ်တိုင် သီဆိုထားခဲ့တဲ့ သားချော့တေးဟာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘာသာရေး၊ ရိုးရာယုံကြည်မှုနဲ့ မိဘမေတ္တာဘွဲ့ရုပ်ရှင်ကားတကားဖြစ်တဲ့ နို့ဘီလူး ရုပ်ရှင်ကားထဲမှာတော့ ဒေါ်မြတ်မွန်ရဲ့ တကျော့ပြန်သရုပ်ဆောင် အနုပညာအစွမ်းကို ပရိသတ်တွေက တခြားသရုပ်ဆောင်တွေနဲ့အတူ ရှုစားကြရမှာဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူး ခြားခြား အိန္ဒိယရုပ်ရှင်ကားတကားဖြစ်ပါတယ်။ ဒီကားရဲ့ နာမည်ကတော့ Junglee ! ထူးခြားတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ Action Adventure Thriller အမျိုးအစား ဒီရုပ် ရှင်ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Chuck Russell က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ် စူပါဟီးရိုး ဟာသ ရုပ်ရှင်ကား The Mask ၊ မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ရုပ်ရှင် Eraser ၊ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရာဇဝင် သမိုင်းနောက်ခံအက်ရှင်ကား The Scorpion King စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတဦးဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသား Vidyut Jammwal က တိရ စ္ဆာန် ဆေးကုဆရာဝန်တဦးအနေနဲ့ ပါဝင်ထားခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဆင်ဘေးမဲ့တောကို ပြန်အလာမှာတော့ ငယ်ဘဝကတည်းက ရင်းနှီးခဲ့တဲ့ ဆင်ကလေး ဘိုလာနဲ့ ပြန်ဆုံ ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ သူတို့ကြားက ရင်းနှီးပတ်သက်မှု၊ ချစ်ခြင်းမေတ္တာ တွေအပြင် နိုင်ငံတကာ ဆင်မုဆိုးတွေရဲ့ စက်ကွင်းအန္တရာယ်တွေကြား ဘယ်လို တုံ့ပြန် တိုက်ခိုက်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ စွန့်စားမှု အက်ရှင်အသားပေး ဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသား Vidyut Jammwal နဲ့အတူ အိန္ဒိယသရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ Pooja Sawant၊ Asha Bhat တို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ Youtube ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၂၁ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို အစကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရုံတင်ဖို့ စီစဉ်ခဲ့ တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ခဲ့ရတာဖြစ်ပြီး ခုလာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဖြစ်ရပ်မှန် Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Hotel Mumbai !     ဒီကားကိုတော့ သြစတေးလျ ရုပ်ရှင်ဒါရိုက်တာ Anthony Maras က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အ ကြမ်းဖက်တိုက်ခိုက်မှုတခုကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။     မွမ်ဘိုင်းမြို့က Taj Mahal ဇိမ်ခံဟိုတယ်ကို  ပါကစ္စတန်အခြေစိုက် အစ္စလမ်မစ် စစ်သွေးကြွတွေက ၃ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဧည့်သည်နဲ့ ဟို တယ်ဝန်ထမ်း လူပေါင်း ၁၇၀ ကျော် အသတ်ခံခဲ့ရပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Dev Patel ၊ Armie Hammer ၊ Jason Isaacs ၊ Nazanin Boniadi တို့နဲ့ တခြားသ ရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက် နေခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 7.2 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတွေထဲမှာ ဟိုတယ်တွင်း ပိတ်မိနေခဲ့သူတွေရဲ့ အမြင်တွေ၊ အကြမ်းဖက် သေနတ်သမားတွေရဲ့ အမြင်တွေကိုပါ ပုံဖော်ရိုက်ကူးထားခဲ့တာကို တွေ့ရပါ တယ်။ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံမှာ ရုံ တင်ပြသခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ လာမယ့် ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024