A d v e r t i s e m e n t With Us

ဗင်နီဇွဲလား ရေအားလျှပ်စစ်စက်ရုံ နှောင့်ယှက်ခံရမှုကြောင့် ဒေသအတော်များများ မီးပြတ်

ဓာတ်ပုံ - Government of Venezuela
ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိက ရေအားလျှပ်စစ်စက်ရုံ ဂူရီဟာ နောက်တကြိမ် တမင်နှောင့်ယှက်ခံရတာကြောင့် မတ်လ ၂၅ ရက်နေ့က နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မီးပြတ်နေခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ လျှပ်စစ်မီး မြန်မြန်ပြန်ရဖို့ ဆောင်ရွက်နေတယ်လို့ ဗင်နီဇွဲလား လူမှုဆက်ဆံရေးဝန်ကြီး ဟိုဟေး ရော်ဒီရီဂူက ပြောပါတယ်။ ဒါပေမယ့် မြို့တော် ကာရာကတ်စ်မှာ မီးပွိုင့်မီးတွေ အလုပ်မလုပ်တာကြောင့် ဆိုးဆိုးရွားရွား ယာဉ်ကြောပိတ်ဆို့နေပြီး မြေအောက်ရထားစနစ်တွေကိုလည်း ယာယီရပ်နားထားရပါတယ်။ အခုလ အစောပိုင်းက တနိုင်ငံလုံးနီးပါး ၅ ရက်ဆက်တိုက် အမှောင်ကျနေခဲ့တဲ့ ဗင်နီဇွဲလားဟာ အဆိုးရွားဆုံး မီးပြတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗင်နီဇွဲလား တနိုင်ငံလုံး လျှပ်စစ်သုံးစွဲမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေအားလျှပ်စစ် စက်ရုံတွေက ထုတ်လွှတ် ဖြန့်ဖြူးပေးနေတာပါ။ အခုလို ဂူရီ ရေအားလျှပ်စစ်စက်ရုံ တိုက်ခိုက်ခံရတာဟာ လက်ရှိအစိုးရကို အားလျော့အောင် ကြိုးစားနေကြတဲ့ လက်ယာဝါဒီ အစွန်းရောက်တွေရဲ့ လက်ချက်လို့ တာဝန်ရှိသူတွေက အပြစ်တင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up