Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် ယာဉ်မတော်တဆမှုကြောင့် သုံးနှစ်အတွင်း လူ ၁၅၀ သေဆုံး
DVB
·
March 27, 2019
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်ပွား မှုပေါင်း ၁၄၀ မှု ဖြစ်ခဲ့ပြီး သေဆုံး ၅၄ ဦးနဲ့ ဒဏ်ရာရ ၁၈၂ ဦးထိ ရှိခဲ့ပါတယ်လို့ ကလေးခရိုင် ယာဉ်ထိန်းတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကလေးမြို့နယ်ထဲမှာ  ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရ ပျက်စီးမှု စာရင်းတွေကို ကလေးခရိုင် ယာဉ်ထိန်းတပ်ဖွဲ့က မကြာသေးခင်က ထုတ်ပြန်လိုက်တာပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ ၂၁၀၈ ခုနှစ်ဟာ ယာဉ်မတော်တဆမှု ရော သေဆုံးမှုပါ အများဆုံးနှစ်ဖြစ်တယ်လို့  ကလေးခရိုင် အမှတ် ၁၀၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံးက ဒုရဲအုပ် ညီညီမင်းထိုက်ကပြောပါတယ်။ "ဒါကိုမြင်ကြရင် အက်ဆီးဒင့်ကြောင့် လူတွေ သေကြတာ၊ ဒဏ်ရာရကြတာကို ဆင်ခြင်နိုင်ဖို့လည်း ပါတာပေါ့" ကလေးမြို့နယ်မှာ ၂၀၁၆ ခုနှစ်မှာ ယာဉ်မတော်တဆမှုပေါင်း ၁၂၄ မှု ၊ သေဆုံးသူ ၄၄ ဦးနဲ့ ဒဏ်ရာရသူ ၁၇၆ ဦးရှိခဲ့ပြီး  ၂၀၁၇ ခုနှစ်မှာ ၁၂၇ မှု၊ သေဆုံးသူ ၅၂ ဦးနဲ့ ဒဏ်ရာရသူ ၂၃၄ ဦး၊ ၂၀၁၈ ခုနှစ်မှာတော့ ၁၄၀ မှုထိတိုးလာသလို သေဆုံးသူ  ၅၄ ဦးနဲ့ ဒဏ်ရာရသူ ၁၈၂ ဦးထိ ရှိခဲ့ပါတယ်။ ယာဉ်မတော်တဆမှုတွေကြောင့်  ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပမာဏကတော့ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း ကျပ်သိန်း ၃၄၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့မှာ တနှစ်ထက်တနှစ် ယာဉ်အသုံးပြုမှုတွေက ပိုမိုများပြားလာနေပြီး  အရင်က ဆိုင်ကယ်အသုံးပြုတာများပေမယ့် ၂၀၁၆ နောက်ပိုင်း မော်တော်ကားအသုံးပြုမှုလည်း များပြားလာပါတယ်။ သတင်း- မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024