Home
မြန်မာသတင်း
ကတူးတိုင်းရင်းသားရိုးရာပွဲတော် ဗန်းမောက်တွင် ကျင်းပ
Aung Ko Latt
·
March 25, 2019
56205112_996162963922032_7665614559968755712_o
55536479_996162880588707_5319609599332974592_o
54729272_996162713922057_7960300340685832192_o
54728550_996162857255376_3619619435716804608_o
54728352_996162870588708_7669589827079110656_o
54525708_996162747255387_8928897783277027328_n
54522379_996162933922035_5027402813609607168_o
54371125_996162720588723_9084967493130256384_o
ကတူးတိုင်းရင်းသားရိုးရာပွဲတော် ဗန်းမောက်တွင် ကျင်းပ အောင်ကိုလတ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာမှာ ကတူး တိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက် ရိုးရာပွဲတော်ကို မတ် ၂၅ ရက်ကနေ ၂၇ ရက်ထိ ကျင်းပနေပါတယ်။ ကတူးတိုင်းရင်းသားတွေက ဗန်းမောက်မြို့နယ်မှာ အများဆုံးနေထိုင်ကြပြီး ကျေးရွာ ၃၈ ရွာ၊ အင်းတော်မြို့နယ်မှာ ၃၄ ရွာ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၆ ရွာ၊ ကသာမြို့နယ်မှာ ၅ ရွာ၊ မိုးကောင်းမြို့နယ်မှာ ၄ ရွာ စုစုပေါင်း ၉၈ ရွာရှိကာ လူဦးရေ ၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ကတူးတိုင်းရင်းသားတွေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ ကဒူးတိုင်းရင်းသားရိုးရာပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော်ရေးရာကော်မတီဝင်တွေ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ဌာနဆိုင်ရာတွေ၊ ဖိတ်ကြားထားသူတွေ၊ ဒေသတွင်းက ကချင်၊ ရှမ်း၊ ကနန်းစတဲ့ တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ပွဲတော်မှာ ကတူးတိုင်းရင်းသားတွေရဲ့ ရှေးဟောင်းရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာပစ္စည်း အရောင်းပြခန်းတွေလည်း ပြသခဲ့ပြီး ရိုးရာတေးသီချင်း အဆိုအကတွေနဲ့လည်း ကပြ ဖျော်ဖြေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀နဲ့ ၂၁ ရက်နေ့ကလည်း ကနန်းတိုင်းရင်းသားတွေရဲ့ ၅၁ နှစ်မြောက် ရိုးရာပွဲတော်ကို ဗန်းမောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာမှာ ကျင်းပခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024