ကျပ် ၅၀၀ တန် ထီများ ဧပြီလနောက်ဆုံး ရောင်းချပေးမည်
DVB
·
March 25, 2019
ကျပ် ၅၀၀ တန် သိန်း ၁ သောင်း အောင်ဘာလေထီဆုမဲကို လာမယ့် ဧပြီ နောက်ဆုံးထားရောင်းချပေးသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
“ထီကိုယ်စားလှယ်တွေဘက်ကတော့ အခုရောင်းချနေတဲ ၁ ထောင်တန်ထီနဲ ၅၀၀ တန်ထီကို တွဲမယူတော့ဘူးလို့ တင်ပြတာတွေရှိတယ်၊ သူတို့ မ၀ယ်တော့ဘူးဆိုလည်း ကျနော်တို့က မရောင်းပေးတော့ပါဘူး။ မ၀ယ်ဘူးဆိုရင်တော့ သူတို့ တင်ထားတဲ့ ဒီပို့စစ် (အပေါင်ငွေ) တော့ ဆုံးရှုံးမှာပေါ့။ ဒီ ၅၀၀ တန်ကိုလည်း အစကတည်းက ပြောထားသလို ဧပြီနောက်ဆုံးထားပြီးပဲ ရောင်းမှာပါ၊ မေလဆို မရောင်းတော့ဘူး” လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
ဆုကြေးငွေ သိန်း ၁ သောင်းဆု အောင်ဘာလေ ၅၀၀ ကျပ်တန် ဆုမဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ၂၄ ကြိမ်ဖွင့်လှစ်ပြီးသွားပါပြီ။
အခုလို ၅၀၀ တန် ထီဆုမဲတွေ မရောင်းရတော့တာဟာ ပြီးခဲ့တဲ့လက စတင်ဖွင့်လှစ်ခဲ့တဲ့ သိန်း ၁ သောင်းခွဲဆု ကျပ် ၁ ထောင်တန် အောင်ဘာာလေထီကို ယှဉ်ပြိုင်ရောင်းချခဲ့ တာကြောင့်လို့ ထီကိုယ်စားလှယ်တွေက ပြောပါတယ်။