DVB Logo
Home
မြန်မာသတင်း
ရေတာရှည်​မြို့နယ်​တွင် တရားမ၀င်​ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ
DVB
·
March 25, 2019
ရေတာရှည်​မြို့နယ်​တွင် တရားမ၀င်​ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူခရိုင်​ ​ရေတာရှည်​မြို့နယ်​ ဂုံမင်းကွင်း​ကျေးရွာအုပ်​စု သာဂရ-ကိုးပင်​လမ်း၊ ၆ မိုင်​ သစ်​​တောစစ်​​ဆေး​ရေးဂိတ်​မှာ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၄ ရက်နေ့ နေ့လယ်က ပဲခူးတိုင်း​ဒေသကြီးသစ်​​တောဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းများ၊​ ရေတာရှည်​သစ်ေ​တာဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းတွေဟာ သာဂရ-ကိုးပင်လမ်း​မှာ တရားမဝင်​သစ်​တွေ ဖမ်းဆီးနိုင်​​ရေးရေး နယ်​​မြေရှင်းလင်းရာကနေ  မ​ကွေးတိုင်း​ဒေသကြီးဘက်​က ​မောင်းနှင်​လာ​တဲ့ 9C/8257 GRANVIA ​ ​မော်​​တော်​ယာဉ်​ကို ရပ်​တန့်​ရှာ​ဖွေရာက ဖမ်းဆီးမိခဲ့တာပါ။

ယာဉ်​​​မောင်း​စောထွန်း ​ကျော်​စိုးလင်း၊ မ​သော်​တာ​ထွေးတို့နဲ့အတူ တရားမ၀င် ၀င်ရောက်လာတဲ့ ဘဂါင်္လီ ၂၅ ဦးတို့ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သာဂရနယ်​​မြေရဲစခန်းမှာ ထိန်းသိမ်းစစ်​​ဆေးနေတယ်လို့ သိရပါတယ်​။

တရားမ၀င် ဘင်္ဂါလီတွေကို ​သယ်​​ဆောင်​လာ​​တဲ့ ယာဉ်မောင်း ​စောထွန်းအပါအ၀င် ၃ ဦးကို သာဂရနယ်​​မြေရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ ၃၆၇ (လူကုန်းကူ) နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့ သိရပါတယ်​။

သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013