Home
မြန်မာသတင်း
ပဲခူးမြို့ မဇင်းဆည်တွင် တက္ကသိုလ် ကျောင်းသားတဦး ရေနစ်သေဆုံး
DVB
·
March 25, 2019
54525374_384151422170072_6456298751785959424_n
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မဇင်းဆည်မှာ ပဲခူးတက္ကသိုလ် ဒုတိယနှစ် (သင်္ချာ) ကျောင်းသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကြည်က ပြောပါတယ်။ မျိုးကိုကိုအောင် နဲ့ သူငယ်ချင်းတွေဟာ မတ် ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က မဇင်းဆည်မှာ ရေဆင်းကူးရာကနေ ရေနစ်ခဲ့တာဖြစ်ပြီး ၀ိုင်းဝန်း ဆယ်ယူခဲ့ကြရာ ည ၇ နာရီကျော်အချိန်မှာ သေဆုံးနေပြီဖြစ်တဲ့ မျိုးကိုကိုအောင်ရဲ့ အလောင်းကို ပြန်လည်ဆည်ယူနိုင်ခဲ့တယ်လို့  ရဲစခန်းက သိရပါတယ်။ အဲဒီမဇင်းဆည်ဟာ မကြာခဏဆိုသလို ရေနစ်သေဆုံးမှုတွေ ဖြစ်ပေါ်လေ့ရှိပြီး သင်္ကြန်ကာလမှာဆိုလည်း ပဲခူးမြို့ ပတ်ဝန်းကျင်က ရေကစားသူတွေဟာ ရေလာကူးတာတွေ ပြုလုပ်လေ့ရှိတဲ့အတွက် အန္တရာယ်မဖြစ်ရအောင် ရေနစ်နိုင်တဲ့ နေရာမျိုးတွေအထိ ရေဆင်းဆော့တာ၊ ရေကူးတာတွေ မလုပ်ဖို့ သတိပေးသွားမယ်လို့ အမှတ် ၂ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ချစ်ကြည်က ဒီဗွီဘီကိုပြောပါတယ်။ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား မျိုကိုကိုအောင် သေဆုံးမှု နဲ့ ပတ်သက်ပြီး အမှတ် ၂ နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ နဲ့ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024