Home
မြန်မာသတင်း
လူသေမှုဖြင့် တရားစွဲခံရသည့် စက်လှေမောင်းသမား အမှုက လွတ်မြောက်
DVB
·
March 24, 2019
55822111_372459113598776_2657697703743455232_n
စက်လှေနစ်မြုပ်ခဲ့ပြီး လူသေဆုံးမှုနဲ့ တရားစွဲခံထားရတဲ့ စက်လှေမောင်းသမားကို သေဆုံးသွားသူတွေဘက်က ကျေအေးပေးလို့ မတ် ၂၃ ရက်က အမှုကနေ လွတ်မြောက်ခဲ့ ပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့ အင်းတော်ကြီးအင်းမှာ ပြီးခဲ့တဲ့နှစ်က သဘာဝဘေးအန္တရာယ် ကြောင့် ရှစ်တန်းကျောင်းသား ၈ ဦးနဲ့ စက်လှေမောင်းသူရဲ့သမီးအပါအ၀င် စုစုပေါင်း ၉ ဦး သေဆုံးခဲ့ပြီး စက်လှေမောင်းသမားကို လူသေမှုနဲ့ တရားစွဲထားတာပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက အင်းတော်ကြီး ရွှေမဉ္ဇူဘုရားကအပြန် လူ ၁၈ ဦးစီးနင်းလိုက်ပါလာတဲ့ စက်လှေဟာ ရာသီဥတုဒဏ်ကြောင့် တိမ်းမှောက်ခဲ့တာပါ။ အဲဒီစက်လှောက်တိမ်းမှောက်မှုမှာ စက်လှေမောင်းသမားနဲ့ အနီးနားက ငါးဖမ်းလှေတွေက ၀ိုင်းဝန်းကယ်ဆယ်ခဲ့တာကြောင့် စုစုပေါင်း ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၉ ဦးကတော့ သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေနဲ့ အသက်မသေဘဲ ကျန်နေခဲ့တဲ့ ကျောင်းသားတွေက တရားရုံးမှာ ကျေအေးလွှာ လက်မှတ်ထိုးပေးခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024