Home
မြန်မာသတင်း
သက်ငယ် မသန်စွမ်းကျောင်းသားများ၏ ကျောင်းဆင်းပွဲ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
DVB
·
March 22, 2019
လာမယ့် ၂၀၃၀ပြည့်နှစ်  ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ မသန်စွမ်းသူတွေရဲ့ အရေးကို ထည့်သွင်းရေး လှုပ်ရှားမှုနဲ့ ၂၀၁၈-၂၀၁၉ သက်ငယ်မသန်စွမ်းကျောင်းသားတွေရဲ့ ကျောင်းဆင်းပွဲကို မတ်လ ၂၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပါတယ်။ ဒီလှုပ်ရှားမှုကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံက ကြီးမှူးကျင်းပတာဖြစ်ပြီး မသန်စွမ်းမှုနဲ့ ၂၀၃၀ ဖွံ့ဖြိုးရေးအစီအစဉ်မှာ ဘယ်လိုချိတ်ဆက်နေလဲဆိုတာကို ချပြ အသိပညာပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေအတွက် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို အကြံပြုချက်တွေ ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှာ အသက် ၁၈ နှစ်အောက် ကိုယ်အင်္ဂါ မသန်စွမ်းနဲ့ ဥာဏ်ရည်မသန်စွမ်းကလေးငယ်ပေါင်း ၂၀၈ ယောက်ကို ဆရာ ဆရာမ  ၁၃ ယောက်က သင်ကြားပေးနေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မသန်စွမ်းတွေကို သင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀ ရှိနေပြီး မသန်စွမ်းသူပေါင်း အယောက် ၂၃ သိန်းလောက်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024