Home
မြန်မာသတင်း
ဘော်ကြိုဘုရားပွဲ (ဓာတ်ပုံအက်ဆေး)
DVB
·
March 22, 2019
ဘော်ကြိုမုဋ္ဌောစေတီတော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှာ တည်ရှိပါတယ်။ ဘော်ကြိုကျေးရွာကတော့ မန္တလေး လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးနဲ့ မန္တလေး - လားရှိုး မီးရထားလမ်း ကြားမှာတည်ရှိပါတယ်။ သီပေါမြို့နဲ့ ဆိုရင် ၇ မိုင်၊ ကျောက်မဲမြို့နယ် ၁၄ မိုင် ကွာဝေးပါတယ်။ ဒုဋ္ဌ၀တီမြစ်နဲ့လည်းနီးပါတယ်။ ဘုရားဒကာကတော့ သီရိဓမ္မာ သောကမင်းကြီးဖြစ်ပါတယ်။ ဘုရားလောင်းဝက်မင်းဘ၀က နေခဲ့တဲ့နေရာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ မုဋ္ဌောရဲ့အဓိပ္ပါယ်က ၀က်နှုတ်သီးနဲ့ ထိုးနှိုက်ခြင်း လို့ယူဆကြပါတယ်။ ခရစ်သက္ကရာဇ် ၁၁၇၄ ခုနှစ် (မြန်မာသက္ကရာဇ် ၅၃၆ ) မှာ နရသီဟပတေ့မင်းကြီးက မုဒ်လေးမုဒ်မှာ ရုပ်ပွားတော် ၄ ဆူကို စကားသားနဲ့ ထုလုပ် ကိုးကွယ်ခဲ့ပါတယ်။ ပလောင်၊ တအာန်း၊ ရှမ်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဝတ်စုံတွေကို ၀တ်ဆင်ပြီး အဲဒီဘုရားပွဲကိုလာလေ့ရှိပါတယ်။ ရှေးခေတ်က လောင်းကစားဝိုင်းတွေနဲ့ စည်းကားခဲ့တဲ့ ဘုရားပွဲလည်းဖြစ်ပါတယ်။ ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၇ ရက်နေ့ကနေ လပြည့်ကျော် ၁ ရက် နေ့အထိ ကျင်းပလေ့ရှိပါတယ်။ တပေါင်းလပြည့်နေ့မှာ ဆွမ်းကပ်လေ့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024