အတိုက်အခံ နိုင်ငံရေးသမားများကို ပါကစ္စတန်အစိုးရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေဟု ဘူတိုဇာဒါရီ ပြော

ဓာတ်ပုံ - Reuters
ပါကစ္စတန်အစိုးရဟာ အတိုက်အခံ နိုင်ငံရေးသမားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတယ်လို့ ပါကစ္စတန် အတိုက်အခံခေါင်းဆောင် ဘီလာဝယ်လ် ဘူတိုဇာဒါရီက မတ်လ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘူတိုဇာဒါရီနဲ့ သူ့ရဲ့ဖခင်ဖြစ်သူကို လာဘ်စားမှုတိုက်ဖျက်ရေး အေဂျင်စီတခုက ပြီးခဲ့တဲ့ သီတင်းပတ်က ခေါ်ယူစစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး သူက အခုလို စွပ်စွဲလိုက်တာပါ။ သူတို့သားအဖကို ခေါ်ယူစစ်ဆေးတဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်နေကြတဲ့ ဘူတိုဇာဒါရီရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ထောက်ခံသူတွေဟာ အဲဒီ လာဘ်စားမှုတိုက်ဖျက်ရေး အေဂျင်စီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါသေးတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့က ဘူတိုဇာဒါရီတို့ သားအဖကို အမှုသုံးခုနဲ့ ပတ်သက်ပြီး နှစ်နာရီလောက်ကြာအောင် စစ်ဆေးမေးမြန်းခဲ့တယ်လို့ အမျိုးသား တာဝန်ခံမှုဆိုင်ရာဗျူရို (NAB) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအရာ အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။ ဘူတိုဇာဒါရီရဲ့ မိခင်ဖြစ်သူ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဟာ ၂၀၀၇ ဒီဇင်ဘာလက လုပ်ကြံခံရလို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ ပါကစ္စတန်သမ္မတဟောင်း အယ်လီ ဇာဒါရီဟာလည်း အကျင့်ပျက် ခြစားမှု၊ လူသတ်မှု စတဲ့ သက်သေမရှိတဲ့ စွဲချက်တွေနဲ့ ထောင် ၁၁ နှစ် ကျခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှ ပြန်လွတ်လာခဲ့တာပါ။ သူတို့မိသားစုက အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်အားလုံးကို ငြင်းထားပြီး အဲဒီစွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံစွပ်စွဲတာလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up