Home
မြန်မာသတင်း
ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို လွှဲပြောင်းပေးအပ်
DVB
·
March 21, 2019
စစ်တွေအကျဉ်းထောင်က ပြစ်ဒဏ်စေ့ပြီး လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၂၀ ရက်မနက် ၁၁ နာရီက မောင်တောမြို့အမှတ်(၁) ဝင်/ထွက်စခန်းကနေ အခမ်းအနားနဲ့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို မြန်မာဘက်က မောင်တောမြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှမြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် ဦးစီးတဲ့ ၈ ဦးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားခြားစောင့်တပ်က ယာယီတပ်ရင်းမှူး  ရှာရီဖူအစ္စလမ်ဂျိုမဒါ ဦးဆောင်တဲ့ ၁၁ ဦးအဖွဲ့တို့တက်ရောက်ခဲ့ကြပါတယ်။ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့နာဇီရွာနေ မာမတ်ဂျော်ရှိန် (၄၅ နှစ်)၊ မာမွတ်အီလီယာစ် (၃၀ နှစ်)၊ အာဇကော်အာလီ (၃၉ နှစ်)၊ ရှော်ဘီအာမောက် (၃၆ နှစ်)တို့ ဖြစ်ကြပါတယ်။ မာမတ်ဂျော်ရှိန်နဲ့ မာမွတ်အီလီယာစ်တို့ဟာ  မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်ပြီး ကျီးကန်းပြင်ဇူလကျေးရွာကို ဓားပြတိုက်မှုအပြင် တရားမဝင် ဘင်္ဂလား မိုဘိုင်းဖုန်းကိုင်ဆောင်မှုတို့နဲ့ ၂၀၀၉ ခုနှစ်မှာ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။ အာဇကော်အာလီနဲ့ ရှော်ဘီအာမောက်တို့ကတော့  မြန်မာဘက်ကို တရားမဝင်ခိုးဝင်ပြီး Wy စိတ်ကြွဆေးပြား ၃၅၀ ပြားနဲ့အတူ ဖမ်းဆီးရမိလို့ ၂၀၁၀ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅နှစ် ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။ သူတို့ ၄ ဦးဟာ ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်က သမ္မတရဲ့ လျော့ရက်၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က သမ္မတရုံးရဲ့ လျော့ရက်တွေနဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ စစ်တွေထောင်က ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024