DVB Logo
Home
မြန်မာသတင်း
ဝါရင့်မင်းသမီးကြီး မြတ်မွန်သီဆိုသည့် နို့ဘီလူးရုပ်ရှင်ဇာတ်ဝင်တေး နာမည်ကြီးနေ(ရုပ်သံ)
DVB
·
March 20, 2019
ဝါရင့်မင်းသမီးကြီး မြတ်မွန်သီဆိုသည့် နို့ဘီလူးရုပ်ရှင်ဇာတ်ဝင်တေး နာမည်ကြီးနေ(ရုပ်သံ)
Donate to DVB

“ဘုရားတင်ဖို့ ပန်းတွေပါ… သားတို့ ကောက်ခဲ့တာ… မနက်မှာ ပန်လှူရေး… ည မှာသီလို့ပေး… ပန်းတွေသီရင်း စောင့်လို့နေ… သားကြီးကိုလေပွေ… လေပွေရေ လာပါ တော့… အမေတမော့မော့”

ဒါကတော့ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် နာမည်ကြီးနေတဲ့ ဇာတ်ဝင်သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

သားမျှော်တေးအမည်ရတဲ့ ဒီဇာတ်ဝင်သီချင်းကိုတော့ ၀ါရင့် အကယ်သမီမင်းသ မီးကြီး ဒေါ်မြတ်မွန်က သီဆိုထားခဲ့တာဖြစ်ပြီး မကြာခင်ရုံတင်ပြသတော့မယ့် နို့ဘီလူးအ မည်ရတဲ့ ရုပ်ရှင်ထဲမှာ သီဆိုသရုပ်ဆောင်ပေးထားခဲ့တာပါ။

“ထမင်းလည်းအေး ဟင်းလည်းအေး… သားက မလာသေး… သားမောင်ရေ လာ ပါတော့… အမေမျှော်လှပေါ့… သားကြီးရေ လာပါတော့… အမေမျှော်လှပေါ့”

အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ ပန်းချီ ရွှေအေးကိုရဲ့ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲထားပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

နို့ဘီလူးဆိုတာကတော့ မိခင်မှာနို့ဘီလူးအစွဲရှိနေရင် အဲဒီမိခင်က သူ့ရဲ့ ရင်သွေး ကို နို့ချိုတိုက်ကျွေးလို့ မရပဲ ကလေးအဖတ်မတင်ဖြစ်တတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှု အယူအစွဲတခု ဖြစ်ပါတယ်။

ဒါကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီတို့နဲ့အတူ အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြတ်မွန်ကပါ အထူးသရုပ်ဆောင် ထားခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးကြီး ဒေါ်မြတ်မွန်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲ ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ပထမဆုံးပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကကြီးရေ က ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၅၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အ ကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီရရှိချိန်မှာ သူ့အသက်က ၁၇ နှစ်သာ ရှိသေးပြီး မြန်မာ့ရုပ်ရှင်သမိုင်း မှာတော့ အသက်အငယ်ဆုံး ဇာတ်ဆောင်ဆုရရှိခဲ့ သရုပ်ဆောင်မင်းသမီးတဦး ဖြစ်ခဲ့ပါ တယ်။

သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ရုပ်ရှင်ကားတွေကတော့ အငိုလွယ်သည် (သာဓု၊မင်းလွင်)၊ ဧည့်သည် (သာဓု)၊ အကယ်၍သာ(ကောလိပ်ဂျင်နေဝင်း)၊ အဖြေ (ထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့)၊ ဖတ်စကလပ်(ထွန်းဝေ၊ မေနွဲ့)၊ ဘယ်ပန်း သာလို့ယဉ်(ကောလိပ်ဂျင်နေဝင်း)၊ တာဝန်(ထိန်လင်း)၊ သိုင်းသမား(ဇော်လွင်)၊ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း(မြတ်လေး)၊ ပုစ္ဆာဆန်သောမိန်းကလေး(ဇော်ဝမ်း၊ အေးအေး သင်း)၊ ငါ့ညီ ငါ့မြေ ငါ့အမေ(ညွန့်ဝင်း)၊ ချစ်သူသန့်သန့်ခန့်ခန့်ချော(ဇော်ဝမ်း)၊ ဖန်ပြာ ခွက်နဲ့ကျောက်စက်ရေ(ဝင်းညွန့် ၊ တွံတေးသိန်းတန်၊ စန္ဒာ)၊ ရွှေပေးလို့မရ(မောင်ယဉ်ကြည်၊ နွဲ့နွဲ့မူ)၊ ဇာခန်းဆီးနောက်ကွယ်မှာ (ကောလိပ်ဂျင်နေဝင်း၊ အေးအေးသင်း)၊ သက် ထားဆိုသော မိန်းမချော(ထွန်းဝေ)၊ ဝါသနာကိုမတားနဲ့ရှင်(ကျော်ဟိန်း)၊ ချစ်ရည်းစား (နေအောင်၊ မို့မို့မြင့်အောင်)စတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

ဘာသာရေး၊ ရိုးရာယုံကြည်မှုနဲ့ မိဘမေတ္တာဘွဲ့ရုပ်ရှင်ကားတကားဖြစ်တဲ့ နို့ဘီလူး ရုပ်ရှင်ကားထဲမှာတော့ ဒေါ်မြတ်မွန်ရဲ့ တကျော့ပြန်သရုပ်ဆောင် အနုပညာအစွမ်းကို ပ ရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူသီဆိုထားတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ နာရီပိုင်းအ တွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းနီးပါး ရှိနေခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013