မြင်းခြံမြို့တွင်​ ​နေအိမ်​ ၄ လုံး မီး​လောင်

မန္တလေးတိုင်း​ဒေသကြီး၊  မြင်းခြံမြို့ အမှတ်​ (၁) တိုးချဲ့မြို့သစ်​ရပ်​ (၈) လမ်းနေ ​ဒေါ်ချိုရဲ့ ​နေအိမ်​မှာ မတ်​လ ၂၀ ရက်​ မွန်းလွဲ ၁၂ နာရီကျော်လောက်က  မီးအားမြှင့်​စက်​ အပူလွန်​ကဲရာက မီးစတင်​​လောင်​ကျွမ်းခဲ့ရာ ​နေအိမ်​ ၄ လုံး မီးကူးစက်​​ လောင်​ကျွမ်းခံခဲ့ပါတယ်​။ မီး​လောင်​တဲ့နေရာကို  မီးသတ်​တပ်​ဖွဲ့ဝင်​ ၈၀ ဦး၊ မီးသတ်​ယာဉ်​ ၈ စီးနဲ့ မီးငြှိမ်းသတ်​ခဲ့ရာ ​နေ့လည်​ ၁ နာရီလောက်မှာ မီးငြှိမ်းသွားခဲ့ပြီး ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံးခဲ့တယ်​လို့ သိရပါတယ်​။ မီး​ပေါ့ဆစွာအသုံးပြုသူ အိမ်​ရှင်​ ​ဒေါ်ချိုကိုတော့  မြင်းခြံမြို့မရဲစခန်းက ရာဇသတ်​ကြီး ပုဒ်​မ ၂၈၅ နဲ့ အမှုဖွင့်​အ​ရေးယူ​ထားတယ်​လို့ မြင်းခြံ ရဲစခန်းက သိရပါတယ်​။ မြင်းခြံမြို့တွင်​ ​နေအိမ်​ ၄ လုံး မီး​လောင်​ သတင်း - ရီရီထွန်း (မြင်းခြံ)၊ ဓာတ်​ပုံ - ကို​ဇော်​မင်းနိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up