တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် မီးလောင်
DVB
·
March 20, 2019
ရန်ကုန် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်မှာ ဒီကနေ့ မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။
ကျောက်ရေတွင်းလမ်းနဲ့ မြို့သစ် ၃ လမ်းထောင့်မှာ ဒီကနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ Level 1 ယာဉ်အုပ်စုတွေ ထွက်ခွာ မီးငြှိမ်းသတ်ရာမှာ ၂ နာရီ ၃၈ မိနစ်မှာ မီးထိန်းနိုင်ပြီး ၂ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - အေးလဲ့