Live
Home
မြန်မာသတင်း
ရခိုင်ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများကို စောင့်ရှောက်ရန် ကုလသမဂ္ဂတိုက်တွန်း
DVB
·
March 19, 2019
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခမှာ ပါဝင်သူအားလုံးအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အဦတွေကို စောင့်ရှောက် ထိန်းသိမ်းဖို့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးက တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အေအေ (ရက္ခိုင့်တပ်မတော်)နဲ့ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တို့အကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာ၊ ဒေသခံ လူမှု အသိုက် အဝန်းတွေ နေရပ်စွန့်ခွာရတာတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးတွေက ဒီနေ့ ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ မတူညီတာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပါ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာထိန်းသိမ်းဖို့လည်း တိုက်တွန်းပါတယ်။ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံက တာဝန်ရှိအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအတွက် လူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးမှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အမြဲ အသင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ သောင်းနဲ့ ချီပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသလို  မြောက်ဦးမှာရှိတဲ့ ရှေးဟောင်း ယဉ်ကေျးမှု အမွေအနှစ် ဘုရားတချို့ ထိခိုက်ပျက်စီး မှုတချို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြောက်ဦးဒေသဟာ  ကမ္ဘာ့ရှေးဟောင်း ယဉ်ကေျးမှု အမွေအနှစ်ဒေသအဖြစ် ယူနက်စကို စာရင်းဝင်နိုင်အောင် အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024