ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုဇမ်ဘစ်နိုင်ငံတွင် သေဆုံးသူ ၁၀၀၀ အထိ မြင့်တက်နိုင်

ဓာတ်ပုံ - AFP
776
ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးကြောင့် မိုဇမ်ဘစ်နိုင်ငံမှာ သေဆုံးသူဦးရေ ၁,၀၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ သမ္မတ ဖိလစ် အန်ယော်ဆီက ပြောကြားကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၄ ရက်နေ့က ဘေးရာဆိပ်ကမ်းမြို့ကို လေတိုက်နှုန်း တနာရီ ၁၇၇ ကီလိုမီတာနဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့တာပါ။ ဒါပေမယ့် အကူအညီပေးရေး အဖွဲ့တွေဟာ မတ်လ ၁၇ ရက်နေ့မှ အဲဒီမြို့ကို ရောက်ရှိခဲ့ပါတယ်။
လူဦးရေ ၅ သိန်းခန့်နေထိုင်တဲ့ ဘေးရာမြို့က နေအိမ်အားလုံး ပျက်စီးခဲ့တယ်လို့ ကုလ ကယ်ဆယ်ရေးဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။
လမ်းတွေဟာ ပြိုလဲမီးတိုင်တွေနဲ့ ရှုပ်ပွနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဝန်ထမ်းတဦးကို ကိုးကားပြီး ဘီဘီစီက ပြောပါတယ်။
ဆိုင်ကလုန်းကြောင့် မိုဇမ်ဘစ်မှာ တရားဝင်သေဆုံးသူ အရေအတွက် ၈၄ ဦးရှိပြီး တောင်အာဖရိကမှာ ၁၈၀ ထက်မနည်း သေဆုံးတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။