Home
မြန်မာသတင်း
မြောက်ဦးမြို့တိုက်ပွဲကြောင့် လူ ၆ ဦးဒဏ်ရာရ၊ နေအိမ်တလုံး မီးလောင်
DVB
·
March 19, 2019
54727916_148893016133100_3680819318070706176_n
54525037_148893469466388_1679598440578809856_n
54522274_148893436133058_7943476996737073152_n
54522053_148893046133097_7226408867817586688_n
54257202_148893602799708_6253342700733464576_n
54255087_148893066133095_1452010691954212864_n
54255054_148893542799714_441689566227726336_n
54200910_148892756133126_359218287109734400_n
54194756_148892622799806_2122382562042052608_n
54220556_148893569466378_2353110614659825664_n
53681249_148893419466393_4105988103615807488_n
ရခိုင်ပြည်နယ်၊ မြောက်​ဦးမြို့မှာ မနေ့ညက ​တပ်​မ​တော်နဲ့ အေအေ​ (ရက္ခိုင့်တပ်မတော်)တို့ တိုက်​ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကလေးငယ် ၁ ဦးအပါအ၀င် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မတ်​လ ၁၈ ရက်​​ ည ၉ နာရီ​ကျော်​လောက်က​ မြောက်ဦးမြို့ နယ်မြေခံတပ်ရင်း ခမရ ၅၄၀ နဲ့ အေအေတပ်ဖွဲ့တို့ စိုးမိုးဘုရားကုန်းအနီးမှ ပစ်​ခတ်​မှုဖြစ်​ပွားခဲ့တာဖြစ်ပြီး ​မြောက်​ဦးမြို့တွင်း ​နေရာအချို့မှာလည်း ပစ်​ခတ်​မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေး အဖွဲ့ဝင်​ ဗိုလ်​မှူးဝင်းဇော်​ဦးက​ “မ​နေ့ညက ၉ နာရီ​လောက်​မှာ ​မြောက်​ဦးမြို့ရဲ့လုံခြုံ​ရေး​အတွက်​ တပ်​​တွေ လှုပ်​ရှားတာ​တွေ ရှိတယ်​။ အဲ့ဒီလို လှုပ်​ရှားစစ်​​ကြောင်း​တွေကို အေအေအဖွဲ့ကနေပြီး ​နေအိမ်တွေ ဘုရား​တွေနဲ့ အ​ဆောက်​အဦတွေကို ကာဗာယူပြီး ပစ်​ခတ်​လာတဲ့အတွက်​ ကျနော်​တို့ဘက်​က ပြန်​လည်​ပစ်​ခတ်​ ရတာဖြစ်​တယ်​။ ရန်​သူဘက်​က တိုက်​ခိုက်မှုမရှိဘဲ တပ်​ဘက်​က ပစ်​ခတ်​တာ​တော့မရှိဘူး။ ​မြောက်​ဦးမြို့ရဲ့ လုံခြုံရေး ဌာနဆိုင်​ရာ​တွေရဲ့ လုံခြုံ​ရေးအတွက်​ တပ်​မ​တော်က ​ဆောင်​ရွက်​​နေ တာ​တွေ ရှိတယ်​။ အဲ့ဒါကို သူတို့ကလာပြီး တိုက်​ခိုက်​လာတဲ့အတွက်​ တပ်​မ​တော်​က ပြန်​လည်​ တိုက်​ခိုက်​ရတာဖြစ်​တယ်​” လို့ ပြောပါတယ်​။ တိုက်ပွဲတွေကြောင့် ​မြောက်​ဦးမြို့မှာ ဈေးတွေဆိုင်တွေ ပိတ်ထားကာ မြို့ခံ ပြည်​သူလူထုတွေ ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြပါတယ်။ မြောက်ဦးဒေသခံတဦးက  “နှစ်​ဖက်​ အပြန်​အလှန်​ပစ်တာ မရှိပါဘူး။ တပ်​မ​တော်​က ကားလမ်း ​တ​​လျှောက်​ပစ်​ခတ်​သွားတာသာ ဖြစ်​တယ်​။ ဥပမာ စဉ်းစားကြည့်ဗျာ က​မ္ဘောဇဘဏ်​က ​မြောက်​ဦးမြို့ ဆန်​ချဆိပ်​မှာ ရှိတယ်​။ ​အေ​အေအဖွဲ့က က​မ္ဘောဇဘဏ်​ထဲမှာပုန်း​နေလို့လား အခု က​မ္ဘောဇဘဏ်​မှာ ကျည်​ထိမှန်​ပြီး မှန်​​တွေကွဲသွားတာရှိသလို ကျည်​ကျဒဏ်​ရာ​တွေ အများကြီးပါ” လို့ ​ပြောပါတယ်​။ မနေ့က တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ်၊ ကိုးသောင်းဘုရား အနီးရှိ ရွာဟောင်းတော ကျေးရွာက ဒုတိယတန်း ကျောင်းသား ၁ ဦးနဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ဦး၊ အလယ်ဈေးအုပ်စု ကအမျိုးသမီး ၁ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရသွားလို့ မြောက်​ဦး​ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်​။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024