Home
မြန်မာသတင်း
ရေနံချောင်းတွင် အဝီစိရေတွင်းတူးရာက အမျိုးသား ၁ ဦးသေဆုံး
DVB
·
March 19, 2019
54517031_2319341971642548_6137386701229654016_n
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မှာ  ဒီိကနေ့ မနက် ၈ နာရီခွဲလောက်က အ၀ီစိရေတွင်းတူးဖော်ရာက အမျိုးသားတဦး သေဆုံးခဲ့တယ်လို့  လက်မှတ်ကုန်း နယ်မြေရဲစခန်းက သိရပါတယ်။ ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက် နေအိမ်ဝိုင်းတခုမှာ နဒီလွင်ရေတွင်းတူးအဖွဲ့က အဝီစိရေတွင်းတူးနေစဉ် တွင်းတူးပိုက် ကျောက်ညပ်ခဲ့လို့  ချိန်းထောင်းနဲ့လှည့်ခဲ့ရာမှာ ချိန်းထောင်းက မောင်းပြန်ပြီး ကိုသန်းဇော်ဝင်းရဲ့ ဝဲဘက်ရင်အုံသို့ ရိုက်မိခဲ့တာပါ။ ဒဏ်ရာရရှိတဲ့ သန်းဇော်ဝင်းကို ရေနံချောင်းဆေးရုံကြီးကို ပို့ဆောင်ဆေးကုသခံယူစဉ် သေဆုံးခဲ့ပါတယ်။ ရေနံချောင်းဆေးရုံ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာနေမျိုးထွန်းက “ချိန်းထောင်းရိုက်တဲ့ အရှိန်ကြောင့် နံရိုးကျိုးကာ ဘေလုံးကို သွားရောက်ထိုးမိပြီး ဘေလုံးကွဲ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်မှတ်ကုန်းနယ်မြေရဲစခန်းက သေမှုသေခင်း အမှုဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024