မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားသစ် ပြီးစီးခြင်း အခမ်းအနား အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီး ချုပ်တက်ရောက်

ထိုင်းဘတ် ၄၂၈၁ သန်းကျော် အကုန်အကျခံဆောက်လုပ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားသစ်တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်းအိုချာတို့ တက်ရောက်ပါတယ် မြန်မာ-ထိုင်း နယ်စပ်မှာ ကုန်သွယ်မှုအများဆုံးနေရာဖြစ်လာမယ့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် ၂ တံတားနဲ့လမ်း ဆောက်လုပ်ပြီးစီးသွားတဲ့ အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ မနက်ပိုင်းမှာ ကျင်းပရာမှာ နှစ်နိုင်ငံခေါင်းဆောင်တွေတက်ရောက် ခဲ့ကြတာပါ။ မြ၀တီနဲ့ မဲဆောက်ကို ဆက်သွယ်ထားတဲ့ ဒီတံတားသစ်ဟာ နှစ်နိုင်ငံအတွက် စီးပွားရေး သွက်လက်မြန်ဆန်စေဖို့နဲ့ ကုန်သွယ်မှုမြန်ဆန်စေဖို့ရည်ရွယ်ပြီး ၄ လမ်းသွားအဖြစ် ဆောက်လုပ် ထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကလမ်းဟာ အကွာအဝေး ၁၇ ကီလိုမီတာအရှည်ရှိပြီး မြန်မာဘက်မှာတော့ ၄ ကီလိုမီတာရှိကာ ထိုင်းအစိုးရက ထိုင်းဘတ်  ၄၂၈၁ သန်းကျော် ကုန်ကျခံဆောက်လုပ်ခဲ့ တာဖြစ်ပါတယ်။ ဒီတံတားကြီးဟာ မြန်မာ-ထိုင်းနှစ်နိုင်ငံ စီးပွားရေးအတွက်သာမက ဒေသတွင်း နိုင်ငံတွေ အတွက်ပါ စီးပွားရေးအတွက် အသုံးပြုနိုင်မယ့် တံတားလည်းဖြစ်ပါတယ်။ သတင်း - ဖိုးစီ၊ ဓာတ်ပုံ - သန့်ဇင်အောင်၊ ကိုလင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up