စပါးအသင်းက ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်ကို အိမ်ကွင်းအသစ်တွင် ပြန်လည်ကစားမည်

စပါးအသင်းဟာ ဧပြီ ၃ ရက်မှာကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကို သူတို့ရဲ့ အိမ်ကွင်းသစ်မှာ ပြန်ကစားမယ်လို့ အတည်ပြုလိုက်ပါတယ်။ စပါးအသင်းဟာ အိမ်ကွင်း ဝှိုက်ဟတ်လိန်းကို ပရိသတ် ၆ သောင်း ၂ ထောင်ဆန့်ကွင်းအဖြစ် ပေါင်သန်း ၈၅၀ အသုံးပြုပြီး ပြုပြင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက အိမ်ကွင်းသစ်မှာ လက်ခံကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။ စပါးအသင်းဟာ အခုနှစ်ရာသီမှာ သူတို့ရဲ့ အိမ်ကွင်းပွဲတွေကို အင်္ဂလန်အသင်းပိုင် ဝင်ဘလေကွင်းကို ငှားရမ်းပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ မတ်လ ၂၄ ရက်မှာ ယူ ၁၈ ပွဲစဉ်တပွဲနဲ့ မတ်လ ၃၀ ရက်မှာ ကစားသမားဟောင်းတွေရဲ့ အမှတ်တရပွဲစဉ်တပွဲကိုတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းသစ်ဖွင့်ပွဲ မတိုင်ခင် လက်ခံကစားမယ်လို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်ကို အိမ်ကွင်းသစ်မှာ လက်ခံကျင်းပပြီးနောက်မှာလည်း ဧပြီ ၉ ရက်မှာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်ကိုလည်း ဆက်ပြီး ကျင်းပသွားမယ်လို့ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up