DVB Logo
Home
မြန်မာသတင်း
မြန်မာ့နွားကုန်ကြမ်းဖြင့် လည်ပတ်မည့် အမဲစည်သွတ်စက်ရုံ ရွှေလီမြို့အနီး တည်ဆောက်
DVB
·
March 18, 2019
မြန်မာ့နွားကုန်ကြမ်းဖြင့် လည်ပတ်မည့် အမဲစည်သွတ်စက်ရုံ ရွှေလီမြို့အနီး တည်ဆောက်
Donate to DVB

တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်၊ တယ်လုံတိုင်း၊ ရွှေလီမြို့အနီး၊ လုံတောင် ဒေသမှာ မြန်မာနွားကုန်ကြမ်းတွေကို အသုံးပြုမယ့် ခေတ်မီ အမဲစည်သွတ်စက်ရုံတရုံကို လာမယ့် ဇွန်လအတွင်း  အပြီးတည်ဆောက်နေပါတယ်။

အဲဒီစက်ရုံဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နယ်၊ နမ်ခမ်းမြို့နယ် နောင်ထောင်ရွာနဲ့ နှစ်မိုင်လောက်သာ ဝေးပါတယ်။

အဲဒီစက်ရုံလည်ပတ်ဖို့အတွက် တနှစ်ကို  မြန်မာနိုင်ငံဘက်က နွားကောင်ရေ ငါးသိန်းခန့် လိုအပ်မှာပါ။ အဲဒီစက်ရုံမှာ ကုန်တင်ကားကြီး ၁၀၀၀ ကျော် လောက်ရပ်နားနိုင်တဲ့  ကားဝန်းနဲ့ နွားအကောင်ရေ ၅၀၀၀ ကျော်ဆန့်တဲ့ နွားမွေးမြူရေးခြံပါရှိပါတယ်။

စက်ရုံလည်ပတ်ဖို့ လုပ်သားအင်အား ၁၀၀၀ ကျော် လိုအပ်မှာဖြစ်ပြီး စက်ရုံကထွက်ရှိတဲ့ ကုန်ချောတွေကိုတော့ တရုတ်ပြည်မကြီးနဲ့ မွတ်ဆလင် နိုင်ငံတွေဈေးကွက်တွေကို တင်ပို့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆန်၊ ပြောင်း သကြား၊ လောင်စာဆီတွေနဲ့အတူ နွားတွေကို တရုတ်နိုင်ငံဘက်က တင်သွင်းခွင့် ပိတ်ပင်ထားပေမယ့်  မြန်မာဘက်ကတော့ တရားဝင်ပို့ကုန်တွေအဖြစ် သတ်မှတ်ထားပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013