Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အားပမာဏ အများဆုံးထုတ်လွှတ်ပေးသည့်စက်ရုံ မြင်းခြံတွင် ဖွင့်လှစ်
ရွှေအောင်
·
March 18, 2019
54518674_645050152583231_228287085264502784_o
မြန်မာနိုင်ငံမှာ လက်ရှိ လျှပ်စစ်ဓာတ်အားပမာဏအများဆုံး ထုတ်လွှတ်ပေးမယ့် စက်ရုံကို မတ် ၁၆ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးမှာ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နွေရာသီမှာ တိုးတက်သုံးစွဲလာမယ့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။ ၂၂၅ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ International Competitive Bidder (ICB) စနစ်နဲ့ တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ပြီး တင်ဒါအောင်မြင်တဲ့ စင်ကာပူသမ္မတနိုင်ငံ အခြေစိုက် Sembcorp ကုမ္ပဏီနဲ့ ၂၀၁၆ ခုနှစ်မှာ  (IPP) စနစ်နဲ့ ဓာတ်အားဝယ်ယူရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ  စတင်ဓာတ်အားထုတ်လုပ်ခဲ့ပြီး စက်ရုံက ထွက်ရှိတဲ့ ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ မြင်းခြံ-သပြေဝဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားလို့ တနိုင်ငံလုံးရှိ ပြည်သူတွေကို ဖြန့်ဖြူးပေးထားတဲ့ စက်ရုံများထဲကတရုံဖြစ်တယ်လို့လည်း စွမ်းအင်ဌာနသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၀၉ သန်း ၄၃ ရာခိုင်နှုန်းလောက် ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး (၆.၁၆၈) သန်း ၅၇ ရာခိုင်နှုန်းလောက်ဟာ ဓာတ်အားစနစ်က လျှပ်စစ်ဓာတ်အားရရှိဖို့ ကျန်ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ တနိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက် ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားရရှိတော့မှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024