ဒီဂီယာကို ခေါ်ယူရန် ရီးရဲလ်ကြိုးပမ်းမှု အရှိန်မြှင့်ဖွယ်ရှိ

ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြဟောင်း ဇီဒန်း ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာကို ခေါ်မယ်ဆိုတဲ့ အသံတွေ ပြန်လည်ကျယ်လောင်လာခဲ့ပါတယ်။ ဒီဂီယာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရာသီကတည်းက ကြိုးပမ်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇီဒန်း ထွက်ခွာသွားချိန်မှာ စိတ်ဝင်စားမှု လျော့ခဲ့ပေမယ့် လက်ရှိမှာတော့ ဇီဒန်း ပြန်လည်ရောက်ရှိလာလို့ စပိန်ဂိုးသမားကို ခေါ်ယူဖို့ ကြိုးပမ်းမှုက ပြန်လည်မြင့်တက်လာဖို့ ရှိနေတာပါ။ ပြီးခဲ့တဲ့ရာသီက ပေါင် ၃၅ သန်းနဲ့ ဝယ်ယူထားတဲ့ ကော့တွိုက်စ်ဟာ ထင်သလောက် လက်စွမ်းမပြနိုင်တဲ့အပြင် နည်းပြဇီဒန်းရဲ့ အကြိုက်တွေ့ဂိုးသမားဟာ ဒီဂီယာ ဖြစ်နေလို့ လာမယ့်ကာလမှာ အရခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဒီဂီယာအနေနဲ့လည်း မန်ချက်စတာယူနိုက်တက်အသင်းမှာ လုပ်ခလစာ ပိုလိုချင်တာကြောင့် အသင်းနဲ့ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up